9to5Google က Gallery Go App ရဲ့ App Icon အသစ်မှာ “Go” နာမည် မပါတော့ဘူးဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ Gallery Go App ရဲ့ ဗားရှင်းနံပါတ်က 1.8.8.436428459 ဖြစ်ပြီး App နာမည်မှာ “Gallery” လို့ပဲ ရေးသားထားပါတယ်။
Gallery Go ကို ၂၀၁၉ ခုနှစ်မှာ စတင် ဖြန့်ချိခဲ့ပြီး စွမ်းရည်နိမ့် ဟာ့ဒ်ဝဲတွေ ပါတဲ့ Device တွေအတွက် Google Photos ရဲ့ Lite Version အဖြစ် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အခုဆိုရင် တန်ဖိုးနည်း Device တွေမှာ RAM ပိုမိုများပြားလာကာ CPU စွမ်းအင် ပိုကောင်းလာတဲ့အတွက် Go Apps တွေကို အသုံးပြုမှု နည်းပါးလာပါတယ်။ ဒါ့အပြင် Google က Gallery App ကို လူသုံးများစေချင်တဲ့အတွက် အခုလို ပြုလုပ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
Google က YouTube Go App ကို ဒီနှစ်နှောင်းပိုင်းမှာ မထုတ်လုပ်တော့ဘူးလို့ ဒီလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ မူလ YouTube App ဟာ စွမ်းဆောင်ရည်နိမ့် Device တွေမှာ အသုံးပြုရတာ ပိုမို ကောင်းမွန်လာပြီး ဒေတာ ကုန်ကျမှု သက်သာစေတဲ့ ထိန်းချုပ်မှုတွေ ပါလာပါတယ်။
Google ဟာ Gmail Go, YouTube Go အပါအဝင် Go App များစွာကို ဖန်တီးပေးခဲ့ပြီး အဲဒီ Go App တွေဟာ စွမ်းဆောင်ရည်နိမ့် Device တွေမှာ RAM နဲ့ Storage သိပ်မစားသုံးဘဲ လျှင်မြန်သွက်လက်စွာ အလုပ်လုပ်ပါတယ်။ အခုတော့ စွမ်းဆောင်ရည်နိမ့် ဖုန်းတွေဟာ ပိုမို အဆင့်မြင့်လာတဲ့အတွက် Google က Go App တွေကို လျှော့ချနေပုံရပါတယ်။
Ref : gsmarena