ကျန်းမာရေးအာရုံခံကိရိယာတွေဟာ စမတ်ဖုန်းတွေကနေ စမတ်နာရီဆီကို ရောက်ရှိလာကြပြီးတဲ့နောက် ထုတ်ကုန်အမျိုးမျိုးဆီကိုလည်း ဖြန့်ကျက်လာတာကို တွေ့နိုင်ပါတယ်။ ဒီအရွေ့ဟာ တဖြည်းဖြည်းနဲ့ ပိုပြီးကျယ်ပြန့်လာခဲ့တာ အခုဆိုရင် ကြိုးမဲ့နားကြပ်တွေပေါ်ကိုပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မကြာသေးခင်ကထွက်ပေါ်လာတဲ့ကောလာဟလအရ Apple ဟာ လာမဲ့ AirPods Pro 2 မှာ နှလုံးခုန်နှုန်းနဲ့ ခန္ဓာကိုယ်အပူချိန်အာရုံခံကိရိယာကို ထောက်ပံ့ပေးလာမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု Bloomberg က Mark Gurman ကတော့ ကနဦးကောလာဟလနဲ့ ဆန့်ကျင်တဲ့အချက်ကို ဖော်ပြလာပါတယ်။

Gurman ဟာ Apple အနေနဲ့ AirPods ရှေ့ပြေးပုံစံတွေမှာ ကျန်းမာရေးအာရုံခံကိရိယာနှစ်ခုလုံးကို တပ်ဆင်ပြီး အတွင်းပိုင်းမှာ စမ်းသပ်နေဖွယ်ရှိတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Feature နှစ်ခုစလုံးဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ သုံးစွဲသူဗားရှင်းဆီ ရောက်သွားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းတွေအရဆိုရင်တော့ Gurman ဟာ Apple Watch Series 8 က ခန္ဓာကိုယ်အပူချိန်ကို စောင့်ကြည့်နိုင်မယ်လို့ ယုံကြည်နေတာကို တွေ့နိုင်ပါတယ်။ ဒီ Feature ဟာ လက်ရှိမှာ အတွင်းပိုင်းစမ်းသပ်မှုအောက်မှာ ရှိနေပြီး Series 8 Watch မော်ဒယ်တွေအားလုံးအတွက် အလားအလာများစွာရှိနေတာလည်း ဖြစ်ပါတယ်။

Gurman ဟာ Extreme sports (ပြင်းထန်လှုပ်ရှားအားကစား) ကစားသမားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Rugged Edition Series 8 Watch နဲ့ပတ်သက်တဲ့ ကောလာဟလတွေကိုလည်း ခိုင်လုံတယ်လို့ အတည်ပြုခဲ့ပြန်ပါတယ်။ ဒါ့အပြင် DSCC ရဲ့ Ross Young ကလည်း Watch Sereis 8 မျက်နှာပြင်ဟာ 1.99-inch ရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref: GSM Arena