realme က တရုတ်မှာ Buds Air 3 Neo အမည်ရ ကြိုးမဲ့ နားကြပ် အသစ်ကို ကြေညာလိုက်ပြီး ဒီနှစ် အစောပိုင်းကထွက်ခဲ့တဲ့ realme Buds Air 3 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ realme Buds Air 3 Neo မှာ 10mm Bass Boost Drivers ပါလာပြီး Bluetooth 5.2 ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ Dolby Atmos ထည့်သွင်းထားပေမယ့် Active Noise Cancellation (ANC) မပါလာပါဘူး။

Realme Buds Air 3 Neo in white and blue

realme Buds Air 3 Neo မှာ IPX5 ရေစိုခံစံနှုန်း ပါလာပြီး Stems မှာ Touch Control တွေ ထောက်ပံ့ထားပါတယ်။ 88ms Low Latency Mode ပါလာပြီး အသံ ဖမ်းယူဖို့အတွက် မိုက်ကရိုဖုန်း ၂ လုံး တပ်ဆင်ပေးထားပါတယ်။ သီချင်း နားထောင်ရင် ၇ နာရီ အသုံးခံပြီး Charging Case က ဘက်ထရီနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း နာရီ ၃၀ တောင် အသုံးခံပါတယ်။

Realme Buds Air 3 Neo unveiled: they are the new cheap true wireless earphones - GizChina.it

realme Buds Air Neo အတွက် အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ဒီလ ၁၉ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ ၁၄၉ ယွမ် သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၄၁,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများဟာ ကြိုးမဲ့နားကြပ်ဈေးကွက်ထဲကို အပြိုင်အဆိုင် ဝင်ရောက်လာကြပြီး ရွေးချယ်စရာ နားကြပ်များစွာ ရှိပါတယ်။ အဲဒီအထဲက realme Buds 3 Neo ဟာ တန်ဖိုးနည်း ကြိုးမဲ့ နားကြပ် လိုချင်သူတွေအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာမှာပါ။

Ref : gsmarena