ပြီးခဲ့တဲ့ တစ်ပတ်မှာ T-Mobile နဲ့ SpaceX တို့က စမတ်ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေးရအောင် ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Starlink V2 ဂြိုလ်တုတွေရဲ့ အကူအညီနဲ့ ဒီလိုရအောင် ပြုလုပ်မှာ ဖြစ်ပြီး PCS Spectrum တွေက လက်ရှိ Band ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် လက်ရှိ ဖုန်းတွေမှာ အလုပ်လုပ်မှာပါ။
Wild to think about user experiences for phones that can connect to satellites. When we launched G1 in '08 it was a stretch to get 3G + Wifi working. Now we're designing for satellites. Cool! Excited to support our partners in enabling all of this in the next version of Android!
— Hiroshi Lockheimer (@lockheimer) September 1, 2022
Google SVP of Platforms & Ecosystems Hiroshi Lockheimer က ကုမ္ပဏီဟာ နောက်မျိုးဆက် Android 14 မှာ ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတယ်လို့ တွစ်တာမှာ ကြေညာလိုက်ပါတယ်။ လက်ရှိ ဖုန်းတွေက ရေဒီယို ဟာ့ဒ်ဝဲတွေဟာ အဲဒီလို စွမ်းဆောင်နိုင်ပြီး ဘာဆော့ဖ်ဝဲ Update လိုအပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
T-Mobile နဲ့ SpaceX ဟာ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ဂြိုလ်တု အသစ်တွေကို စတင် စမ်းသပ်မယ်လို့ ထင်ရပြီး Android 14 ဟာလည်း အဲဒီအချိန်လောက်မှာ ထွက်လာမှာပါ။ အစောပိုင်း အမေရိကန်မှာပဲ ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး နောက်ပိုင်း တစ်ကမ္ဘာလုံးမှာ တိုးချဲ့ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။
Cellular Zone ၁ ခုကို 2 ကနေ 4Mbps အမြန်နှုန်းလောက်ပဲရမှာ ဖြစ်ပေမယ့် Message တွေ ပေးပို့ဖို့အတွက် လုံလောက်ပါတယ်။ SMS သာမက MMS ကိုလည်း ပေးပို့နိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ Voice Call တွေပါ ပြောနိုင်မှာပါ။
Android 14 မှာ Android Beam ကို ဖယ်ရှားထားမှာ ဖြစ်ပြီး Google က Nearby Share ကိုပဲ သုံးဖို့ တွန်းအားပေးမှာ ဖြစ်ပါတယ်။
Ref : gsmarena