Amazfit က GTR 4 နဲ့ GTS 4 ကို ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်နာရီ ၂ လုံးမှာ လုပ်ဆောင်ချက် အများစု တူညီပေမယ့် ဒီဇိုင်း ၊ အရွယ်အစားနဲ့ အလေးချိန်တွေ ကွဲပြားပါတယ်။ ဒါ့အပြင် မတူညီတဲ့ မျက်နှာပြင်နဲ့ ဘက်ထရီတွေပါပါတယ်။
GTR 4 မှာ မျက်နှာပြင် အဝိုင်းကို သုံးထားပြီး ၁.၄၃ လက်မ Always-on AMOLED 466x466p ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို အကြမ်းခံတဲ့ ဖန်နဲ့ ကာကွယ်ထားပြီး လက်ဗွေရာ မထင်တဲ့ Coating နဲ့ ဖုံးအုပ်ထားပါတယ်။
GTS 4 မှာ လေးထောင့် ဒီဇိုင်းကို သုံးထားပြီး ၁.၇၅ လက်မ Always-on AMOLED 390x450p ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို အကြမ်းခံတဲ့ ဖန်နဲ့ ကာကွယ်ထားပြီး လက်ဗွေရာ မထင်တဲ့ Coating နဲ့ ဖုံးအုပ်ထားပါတယ်။ GTS 4 မှာ Watch Face ၁၅၀ ကျော်နဲ့ GTR 4 မှာ ၂၀၀ ကျော် ထည့်သွင်းထားပါတယ်။
နာရီ ၂ လုံးစလုံးမှာ Aluminum Alloy Middle Frame ကို သုံးထားပြီး GTR 4 ရဲ့ အလေးချိန်ဟာ ၃၄ ဂရမ် ရှိကာ GTS 4 ထက် ၇ ဂရမ် ပိုများပါတယ်။ GTR 4 မှာ 475mAh ဘက်ထရီနဲ့ GTS 4 မှာ 300mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ သာမာန်သုံးရင် GTR 4 ဟာ ၁၄ ရက်နဲ့ GTS 4 ဟာ ၈ ရက် အသုံးခံပါတယ်။
နာရီ ၂ လုံးမှာ Indoor နဲ့ Outdoor Sports Mode ပေါင်း ၁၅၀ ကျော် ထောက်ပံ့ထားပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ အမြင့်ကနေ ပြုတ်ကျတာကို အာရုံခံနိုင်တဲ့ Fall Detection ပါပါတယ်။ Offline Voice Assistant နဲ့ Alexa ထည့်သွင်းထားပြီး Bluetooth နဲ့ ဖုန်းပြောတဲ့ စွမ်းရည် ပါပါတယ်။
Android 7.0 နဲ့ အထက်၊ iOS 12.0 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပြီး Bluetooth 5.0, BLE နဲ့ WLAN 2.4GHz ဆက်သွယ်မှုတွေ ပါပါတယ်။ GTR 4 နဲ့ GTS 4 ကို ၂၀၀ ဒေါ်လာ သတ်မှတ်ထားပြီး အမေရိကန်မှာ Amazfit Website ကနေ ဝယ်ယူနိုင်ပါပြီ။
Ref : gsmarena