· OPPO သည် ၎င်း၏ ၁၈ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်း အသုံးပြုသူများနှင့် ၎င်း၏ ချိတ်ဆက်ထားမှုကို ပိုမိုခိုင်မာ နက်ရှိုင်းလာစေရန်အတွက် OPPO Global Community နှင့် OPPO Inspiring Service Week ကို မိတ်ဆက်သွားမည်ဖြစ်သည်။

· OPPO မှ OPPO ဝန်ထမ်းများ၏ ဇာတ်လမ်းများနှင့် ၎င်းတို့၏ လုပ်ဆောင်မှု နောက်ကွယ်မှ ခွန်အားပေး လှုံ့ဆော်နေသည့် စိတ်ကူးစိတ်သန်းများကို ပြသမည့် မှတ်တမ်းရုပ်ရှင်စီးရီးကို ထုတ်ဝေမည်ဖြစ်သည်။

· OPPO အနေဖြင့် လူများစွာအပေါ် ကောင်းကျိုးပေးမည့် နည်းပညာ၏ အကျိုးကျေးဇူးများကို ယူဆောင်လာရန် ကြိုးပမ်းနေသည်နှင့် အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ချက်များကို ဆက်လက်ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်သည်။

OPPO ၏ သမိုင်းကြောင်း အချက်အလက်များ ပါဝင်သော OPPO 18th Anniversary History Video ကို Download ရယူနိုင်ရန် https://bit.ly/3eY5bRr

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် ၎င်း၏ ၁၈ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ဂုဏ်ပြုကျင်းပမည်ဖြစ်သည်။ OPPO သည် စတင်တည်ထောင်ချိန် ၂၀၀၄ ခုနှစ်မှစ၍ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ နယ်နိမိတ်များကို ဆက်လက် ချဲ့ထွင်ဖန်တီးနေရင်း ၎င်း၏ သုံးစွဲသူ ဗဟိုပြုသည့် နည်းပညာဆိုင်ရာချဉ်းကပ်မှုကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ OPPO သည် Consumer Electronics Company တစ်ခုမှ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများကို ပေါင်းစပ်ဖန်တီးထားသည့် Software၊ Hardware နှင့် Service Solutions များဖြင့် ဝန်ဆောင်မှုအပြည့်အဝပေးသည့် နည်းပညာကုမ္ပဏီတစ်ခုအဖြစ် တိုးတက်ပြောင်လဲလာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်း၊ စက်ပစ္စည်းများနှင့် ဖွံ့ဖြိုး တိုးတက်မှု စျေးကွက်များတွင် ဦးဆောင်လျက်ရှိသည်။

OPPO သည် ၎င်း၏ အစောပိုင်းထွက်ရှိခဲ့သည့် Audio Players များနှင့် အတူ ထွက်ရှိလာသည့် ဖုန်းများ၏ အရည်အသွေးပိုင်းကို ဆန်းသစ်တီထွင်ခြင်း၊ ဖုန်းဘက်ထရီ အမြန်အားသွင်းသည့် နည်းပညာနှင့် စမတ်ဖုန်း ပုံစံအသစ်များဆိုင်ရာ ဆန်းသစ်တီထွင်မှုများ သို့မဟုတ် MariSilicon X NPU ဖြင့် Cutting-edge Innovation များ တိုးတက်ဖန်တီး လုပ်ဆောင်ခြင်းအားဖြင့် နည်းပညာနယ်ပယ်ကို မြှင့်တင်ခဲ့ပြီး ၎င်း၏ စဉ်ဆက်မပြတ် ဆန်းသစ် တီထွင်မှုမှ တစ်ဆင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရန် ခေတ်ရှေ့ပြေးသည့် စိတ်ကူးစိတ်သန်းများကို အမြဲတစေ စူးစမ်းရှာဖွေလျက်ရှိသည်။

ယနေ့တွင် OPPO သည် ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံး စမတ်ဖုန်း Brand တစ်ခုအဖြစ် ရပ်တည်နေပြီး ဥရောပ၊ အာရှ-ပစိဖိတ်၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက အစရှိသည့် နိုင်ငံပေါင်း ၆၀ ကျော်တွင် သုံးစွဲသူများကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ Telecom Operator ၈၀ ကျော်နှင့် နည်းဗျူဟာဆိုင်ရာ လက်တွဲ လုပ်ဆောင်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

OPPO မှ ၁၈ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သုံးစွဲသူများနှင့် ချိတ်ဆက်မှုကို ပိုမိုမြှင့်တင်ရန် ၎င်းတို့၏ သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ရန်အတွက် Online၊ Offline ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ခဲ့သည်။

OPPO Global Community

OPPO Global Community (community.oppo.com) ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စ၍ တရားဝင် စတင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ OPPO သည် ၎င်း၏ အသုံးပြုသူများအားလုံးနှင့် Engage လုပ်နိုင်ပြီး အပြန်အလှန် ဆက်သွယ်နိုင်ကာ OPPO နှင့်သာမက အချင်းချင်း ရေရှည် Share ပြုလုပ်နိုင်ရန် မည်သူမဆို အားလုံးပါဝင်နိုင်သည့် ဂေဟစနစ်ကို ဖန်တီးပေးနိုင်ရန်အတွက် ၎င်း Community ကို ဖွင့်လှစ်ထား‌ပေးခြင်းဖြစ်သည်။ ၎င်း Community သည် မတူညီသော အစီအစဥ်များစွာအတွက် အချက်အချာကျသည့် နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။ ၎င်းအစီအစဥ်များတွင် သုံးစွဲသူများကို OPPO ၏ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကို အခြားသူများထက် ဦးစွာ ပထမဆုံးတွေ့ကြုံခံစားနိုင်စေရန် အခွင့်အရေးများပေးမည့် OPPO Product Ambassadors Program ၊ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် OPPO ထုတ်ကုန် ပစ္စည်းများနှင့် နည်းပညာများကို မည်သူမဆို လွတ်လပ်စွာ ဆွေးနွေးနိုင်သည့် O-Chat Open Forum နှင့် သုံးစွဲသူများမှ မိမိ ဘဝအကြောင်းအရာများကို မျှဝေခြင်းဖြင့် အခြားသူများကို စိတ်ခွန်အားပေး လှုံ့ဆော်ပေးရန် ဖိတ်ခေါ်သည့် OPPO Lifesetter အစီအစဥ်တို့ ထားရှိ သွားမည်ဖြစ်သည်။

သုံးစွဲသူများနှင့် တိုက်ရိုက်ဆက်သွယ်ရန်၊ လက်တွေ့ကျသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ အကြံပြုချက်များကို လက်ခံရရှိရန်နှင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် ပိုမိုထိရောက်စွာ ပံ့ပိုးပေးမည့် ချန်နယ်တစ်ခုကိုလည်း Community မှ OPPO ကို ‌ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

OPPO Inspiring Service Week

OPPO Service Center သည် ကမ္ဘာတစ်ဝန်းရှိ ဝန်ဆောင်မှုနေရာပေါင်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး OPPO သုံးစွဲသူများအတွက် OPPO နည်းပညာနှင့် ထုတ်ကုန်များ၏ အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်စေရန် အရည်အသွေးမြင့် ကျွမ်းကျင်မှုနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို အစဥ်အမြဲပေးအပ်သွားရန်အတွက် ကတိကဝတ် ပြုထားသည်။ OPPO မှ လစဥ် ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ OPPO Service Day အထိမ်းအမှတ်အဖြစ် နိုင်ငံနှင့် ဒေသပေါင်း ၂၄ ခုရှိ ဝန်ဆောင်မှုစင်တာပေါင်း ၉၀၀ ကျော်တွင် အထူးသီးသန့်ခံစားခွင့်များ ပေးအပ်သွားမည် ဖြစ်သည်။ ထိုခံစားခွင့်များတွင် စက်ပစ္စည်းပြုပြင်ရေးဝန်ဆောင်မှုများအတွက် လျှော့စျေးများ၊ အခမဲ့ပိုးသတ်ခြင်း ဝန်ဆောင်မှုများနှင့် အခြားအရာများ ပါဝင်သည်။

အရှေ့အလယ်ပိုင်း အာဖရိကနှင့် မြန်မာနိုင်ငံအပါအဝင် အာရှအတွင်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံ၏ ဝန်ဆောင်မှုစင်တာပေါင်း ၃၂၀ ကျော်တွင် ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ OPPO Service Day အား OPPO Inspiring Service Week အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ OPPO Inspiring Service ရက်သတ္တပတ်အတွင်း OPPO Service Center များသို့ ဝန်ဆောင်မှု လာရောက်အပ်နှံသူများအနေဖြင့် စမတ်ဖုန်းပြုပြင်ခြင်းဆိုင်ရာ ပစ္စည်းထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများအတွက် လျှော့စျေးများ ခံစားခွင့်ရရှိမည့်အပြင် လက်ခ အခမဲ့၊ အခမဲ့ ဖုန်း Screen Cover ပြုလုပ်ပေးခြင်း၊ အခမဲ့ Software အဆင့်မြှင့်တင်မှုများနှင့် အခမဲ့ပြုပြင်ထိန်းသိမ်းမှုများကိုလည်း ခံစားခွင့်ရရှိနိုင်မည် ဖြစ်သည်။ OPPO Service Center များ၏ ဝန်ဆောင်မှုပြုလုပ်ပေးသည့် အချိန်နာရီများကိုလည်း တိုးမြှင့်သွားမည် ဖြစ်ပြီး ရွေးချယ်သတ်မှတ်ထားသည့် အချို့ Service Center များတွင် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေစေရန်နှင့် ပြည့်စုံသော ဝန်ဆောင်မှုတစ်ခုအနေဖြင့် လာရောက်သူများ သောက်သုံးရန် ကော်ဖီ၊ အအေးနှင့် လက်ဖက်ရည်များ ကိုလည်း ပြင်ဆင်ထားရှိမည်ဖြစ်သည်။

OPPO Global Community နှင့် OPPO Inspiring Service Week အပြင် OPPO သည် ဝန်ထမ်းများအနေဖြင့် မိမိတို့ ရှုထောင့်ကိုယ်စီမှ OPPO နှင့် အတူတကွ တိုးတက်ကြီးထွားလာပုံကို ပြသထားသည့် မှတ်တမ်းရုပ်ရှင်စီရီးများကိုလည်း ထုတ်ဝေခဲ့သည်။

မှတ်တမ်းရုပ်ရှင်တစ်ခုတွင် OPPO India R&D ရှိ ကင်မရာတီထွင်ဆန်းသစ်မှုဆိုင်ရာ Principle Engineer ဖြစ်သူ Saritha Bandaru သည် အိန္ဒိယယဉ်ကျေးမှုနှင့် ဒေသခံ အသုံးပြုသူများထံမှ သုံးစွဲသူများ၏ လိုအပ်ချက်များကို မည်ကဲ့သို့ ဖော်ထုတ်ခဲ့ကြောင်းနှင့် ဟိန္ဒူအမျိုးသမီးများ ဝတ်ဆင်လေ့ရှိ‌သော ရိုးရာ Bindi ကို မဖယ်ရှားဘဲ လှပစေ နိုင်မည့် ရုပ်ပုံရိပ်ဆိုင်ရာ Algorithm တစ်ခုကို တီထွင်ရန် သူမ၏ အဖွဲ့ကို မည်ကဲ့သို့ ဦးဆောင်ခဲ့သည်ကို ဆွေးနွေးရှင်းပြ ထားသည်။ OPPO မှ အကြီးတန်း Sound Designer ဖြစ်သူ Li Hong သည် O-Relax ရှိ Sounds of Cities လုပ်ဆောင်ချက်ကို ဖန်တီးရန်နှင့် အသံ၏ သာယာလှပမှု အနုပညာဖြင့် လူများ အနားယူနိုင်ရာတွင် ကူညီပေးနိုင်ရန် အတွက် ၎င်း၏ နေ့စဉ်ဘဝအတွေ့အကြုံများမှ စိတ်ကူးစိတ်သန်း လှုံ့ဆော်မှုခံရခြင်းအကြောင်း ပြောဆိုထားသည်။ OPPO Research Institute မှ အဆင့်မြင့်နည်းပညာဆိုင်ရာ Senior Product Manager ဖြစ်သူ Cheng Sheng သည် သူမ၏ အဖွဲ့နှင့်အတူ Robotic Dog ပရောဂျက်တစ်ခုတွင် ပါဝင်လုပ်ဆောင်နေစဉ်အတွင်း Cutting-edge Technologies များကို ရှာဖွေစူးစမ်းလေ့လာပုံကို အသေးစိတ် မျှဝေထားသည်။ OPPO AED Romania ၏ Head of Retail တစ်ဦးဖြစ်သူ Dan Amariei သည် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ အခက်အခဲများကြားမှ OPPO ကို Romania တွင် အောင်မြင်စွာ မိတ်ဆက်နိုင်ရန် သူ၏ အဖွဲ့ ကို မည်ကဲ့သို့ ဦးဆောင်ခဲ့ပုံကို ဆွေးနွေးရှင်းပြထားသည်။

မှတ်တမ်းရုပ်ရှင်တွင် အသီးသီးပါဝင်သူတို့၏ လုပ်ဆောင်မှု နောက်ခံအကြောင်းအရာများနှင့် အလုပ်ခွင်တွင် တာဝန်ထမ်းဆောင်မှု အပိုင်းတို့ မတူညီ ကွဲပြားကြသော်လည်း OPPO ဝန်ထမ်းများအားလုံးသည် သုံးစွဲသူများ၏ သုံးစွဲသူများ၏ မပြည့်မီသော လိုအပ်ချက်များကို စူးစမ်းရှာဖွေခြင်းနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ နည်းလမ်းသစ်များကို ရှာဖွေခြင်းတို့အတွက် တူညီသော စိတ်အားထက်သန်မှု ကိုယ်စီရှိကြသည်။

OPPO သည် လွန်ခဲ့သည့် ၁၈ နှစ်တာကာလအတွင်း အရည်အသွေးအထူးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပေးအပ်နေခဲ့သည့်အပြင် လူထုအကျိုးပြုလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ “Technology for mankind, Kindness for the world” ဟူသည့် ရည်ရွယ်ချက်ထားရှိထားသော OPPO သည် အဓိက ကဏ္ဍလေးခုဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ လူငယ်များစွမ်းရည်မြှင့်တင်ရေး၊ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှု၊ ကျန်းမာရေးနှင့် ပျော်ရွင်ခြင်းသုခ စသည့် ကဏ္ဍများတွင် ရေရှည်အတွက် ရင်းနှီးမြှုပ်နှံလျက် ရှိသည်။

ယခုနှစ်အစောပိုင်းတွင် OPPO မှ နည်းပညာကျွမ်းကျင်သူများနှင့် စွန့်ဦးတီထွင်သူများအတွက် ၎င်းတို့၏ ဆန်းသစ် တီထွင်မှုများကို အသက်ဝင်လာစေရန် လုပ်ဆောင်ရာ၌ အားပေးမြှင့်တင်ရန် OPPO Research Institute Innovation Accelerator ကို မိတ်ဆက်ခဲ့သည်။ ‘Virtuous Innovation’ ဟူသည့် အပြင်အဆင်ဖြင့် Accessible Technology နှင့် Digital Health ဘာသာရပ်နှစ်ခုနှင့် သက်ဆိုင်သည့် အဆိုပြုချက်များကိုလည်း ရှာဖွေခဲ့သည်။ ယခုနှစ်တွင် OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၃၉ နိုင်ငံမှ အဆိုပြုချက်ပေါင်း ၅၃၆ ခုကို လက်ခံရရှိထားပြီး ရွေးချယ်ခြင်းခံရသည့် အဆိုပြုချက် ၁၀ ခုကို တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၄၆,၀၀၀ ခန့် ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည့်အပြင် OPPO နှင့် ၎င်း၏ လုပ်ငန်းလက်တွဲဖော်များထံမှ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆိုင်ရာ ပံ့ပိုးမှု၊ သုတေသနပြုလုပ်ခြင်း၊ စီးပွားဖြစ် လက်တွဲ ဆောင်ရွက်မှုများနှင့် ကမ္ဘာအနှံ့ Promotion လုပ်ဆောင်ခြင်းများကို ပြုလုပ်ပေးခဲ့သည်။

OPPO သည် “Inspiration Ahead” ဟူသော ခံယူချက်ဖြင့် အနာဂတ်ကို ရှေးရှုရင်း သုံးစွဲသူများနှင့် လူ့အဖွဲ့အစည်းအတွက် ပိုမိုတန်ဖိုးရှိသောအရာများ ပေးအပ်နိုင်ရန် ၎င်း၏ အမှတ်တံဆိပ်နှင့် လုပ်ငန်းကို ဆက်လက်တိုးတက်လာအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ စီးပွားရေးဘက်တွင်လည်း OPPO သည် စမတ်ကျသော‌ သင်ယူမှု၊ စမတ်ကျသည့် ကုန်ထုတ်စွမ်းအား၊ စမတ်ကျသည့် ဖျော်ဖြေရေးနှင့် စမတ်ကျသည့် ကျန်းမာရေး စောင့်ရှောက်မှုစသည့် အနာဂတ်အဓိက လမ်းညွှန်ချက် လေးရပ်ကို အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူ ဗဟိုပြု ဆန်းသစ်တီထွင်မှုများကို ဆက်လက်ဖန်တီးကာ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် အဆင့်အတန်း မြင့်မားသော လူနေမှုဘဝကို ဖန်တီးပေးလျက်ရှိသည်။

မှတ်တမ်းရုပ်ရှင်စီရီးများ
Dan’s story
https://www.youtube.com/watch?v=NKIILYiFnoo
Sheng Cheng’s Story
https://www.youtube.com/watch?v=g8ZiXWEfJnA
Hong li’s stroy
https://www.youtube.com/watch?v=qoS6QEZBfeE
Saritha’s Story
https://www.youtube.com/watch?v=ytASJ8T3HCE

Press Release – OPPO