Google က အောက်တိုဘာလ ၆ ရက်နေ့မှာ Pixel Watch လို့ခေါ်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာမှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ စမတ်နာရီရဲ့ ဓါတ်ပုံနဲ့ အဓိကလုပ်ဆောင်ချက်တွေ ပေါက်ကြားလာပါတယ်။
အနက်၊ ငွေနဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး လက်ပတ်ကြိုးအနေနဲ့ Lemongrass, Olive, Red, Grey, Beige / Brown နဲ့ Green စတဲ့ အရောင်တွေ ရွေးချယ်နိုင်မှာပါ။ ဓါတ်ပုံတွေမှာ လုံးဝန်းတဲ့ Dial နဲ့ Crown ကို မြင်ရပါတယ်။
Google Pixel Watch: That's it pic.twitter.com/jfeac8FkuJ
— SnoopyTech (@_snoopytech_) October 2, 2022
ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မှာ ဖြစ်ပြီး ခြစ်ရာခံနိုင်တဲ့ Gorilla Glass နဲ့ ကာကွယ်ထားမှာပါ။ အိပ်စက်မှု၊ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ကျန်းမာရေး လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပြီး Emergency Mode, Quick Pairing with Pixel Buds နဲ့ ၆ လကြာ Fitbit Premium Subscription တွေ ရမှာပါ။ တခြား လုပ်ဆောင်ချက်တွေအနေနဲ့ Maps for Wear OS, Google Assistant , Google Wallet , Help by Google နဲ့ Health by Fitbit တို့ ထည့်သွင်းထားမှာပါ။
Google က ဆောင်းရာသီမှာ Pixel Watch အတွက် သတ္တု လက်ပတ်ကြိုးတွေကို ရောင်းချမှာ ဖြစ်ပြီး Google News Telegram Channel က မျှဝေထားတဲ့ ဓါတ်ပုံအရ ဘူးထဲမှာ စမတ်နာရီ၊ Sports Band ၊ USB-C Magnetic Charging Cable နဲ့ Quick Start Guide တွေ ပါတာတွေ့ရပါတယ်။
Pixel Watch မှာ Gmail နဲ့ Google Calendar တို့ ထောက်ပံ့ထားမှာ ဖြစ်ပြီး စမတ်နာရီရဲ့ ဘက်ထရီ သက်တမ်းဟာ တစ်ရက်လုံး အသုံးခံမှာပါ။ WiFi/ Bluetooth Edition ကို ၃၄၉ ဒေါ်လာနဲ့ LTE Edition ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gizmochina