Google ဟာ ဒီလအစောပိုင်းတုန်းက Google Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ဖုန်းတွေဟာ ယခင် Pixel 6 Series နဲ့ယှဥ်ရင် ဒီဇိုင်းပိုင်းမှာ သိသိသာသာပြောင်းလဲခြင်းမရှိခဲ့ပေမယ့် Pixel 6 Series တုန်းက ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေအများအပြားကို ဖြေရှင်းထားခဲ့ပါတယ်။

Pixel 7 ဖုန်းတွေမှာ ဖြေရှင်းပေးခဲ့တဲ့ ပြဿနာတွေထဲက တစ်ခုကတော့ Fingerprint Scanner ဟာ Pixel 6 ဖုန်းတွေမှာ နှေးကွေးနေတာဖြစ်ပြီး အခု Pixel 7 Series ဆိုရင် ပုံမှန်အတိုင်း မြန်ဆန်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် Google ဟာ Pixel 7 Series ဖုန်းတွေမှာ AI Face Unlock Feature ကိုပါ ထပ်မံထည့်သွင်းပေးခဲ့ပါသေးတယ်။

ဒီလိုမျိုး Fingerprint Scanner နှေးကွေးတဲ့ပြဿနာကို ပြင်ဆင်ထားတယ်ဆိုပေမယ့် Pixel 7 Series ဖုန်းတွေဟာ Ultrasonic Fingerprint Sensor အစား စမတ်ဖုန်းအများအပြားမှာ အသုံးပြုနေဆဲဖြစ်တဲ့ Optical Fingerprint Scanner ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ Samsung Galaxy S Series Flagship ဖုန်းတွေနဲ့ တချို့သော Vivo ဖုန်းတွေပဲ Ultrasonic Fingerprint Scanner ကို အသုံးပြုနေဆဲလို့ ပြောနိုင်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရတော့ Google ကနေ လာမယ့်နှစ်မှာ မိတ်ဆက်လာမယ့် Pixel 8 Pro ဖုန်းမှာ Qualcomm Ultrasonic Fingerprint Scanner ကို ပြောင်းလဲအသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Pixel 8 Series ဖုန်းတွေမှာ Fingerprint Sensor ဟာ ပိုမိုလုံခြုံ မြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Ultrasonic Fingerprint Scanner တွေဟာ လက်က ရေစိုနေတဲ့အချိန်မျိုးမှာလည်း Unlock ပြုလုပ်နိုင်စေမှာပါ။

Ref – Gizmo China