Apple Watch အတွက် watchOS 9 Update မှာ ကုမ္ပဏီက Battery Saving Mode ကို ထည့်သွင်းပေးလိုက်ပါတယ်။ Settings Menu သို့မဟုတ် Control Center ကနေ Battery Saving Mode ကို အသုံးပြုနိုင်ပါတယ်။ Battery သက်တမ်း ၁၀ ရာခိုင်နှုန်း ရောက်သွားတဲ့အခါမှာလည်း Battery Saving Mode ကို အသုံးပြုဖို့ User ကို အသိပေးပါတယ်။ အားသွင်းနေချိန် Battery သက်တမ်း ၈၀ ရာခိုင်နှုန်း ရောက်သွားရင် Battery Saving Mode ကို အလိုလို ပိတ်ပေးပါတယ်။

watchOS 9 Introduces New Low Power Mode on Apple Watch Series 4 and Later - MacRumors

Battery Saving Mode ကို ဖွင့်ထားရင် AoD ၊ နှလုံးခုန်နှုန်း Notification၊ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တွက်ချက်တာတွေလို စွမ်းအင် စားသုံးတဲ့ လုပ်ဆောင်ချက်တွေကို ပိတ်ထားပေးပါတယ်။ Workout Reminder တွေကိုလည်း ပိတ်ထားပါတယ်။

Apple Shares List of 12 Features Affected by watchOS 9's New Low Power Mode - MacRumors

နာရီကို iPhone နဲ့ မချိတ်ဆက်ထားရင် WiFi နဲ့ Cellular ဆက်သွယ်မှုတွေကို ပိတ်ထားပေးပါတယ်။ Incoming Call နဲ့ Notification တွေကိုလည်း မဖွင့်ပေးတော့ပါဘူး။ Data သို့မဟုတ် WiFi လိုအပ်တဲ့ App ကို ဖွင့်ရင်တော့ WiFi နဲ့ Cellular ကို ပြန်ဖွင့်ပေးပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိရင် နာရီဟာ Notification တွေကို ယာယီ ရပ်နားထားပြီး ၁ နာရီပြည့်တိုင်း ပြသပေးပါတယ်။

Battery Saving Mode ကို ဖွင့်ထားရင် နာရီရဲ့ စွမ်းဆောင်ရည်ကို လျှော့ချပေးထားပြီး Animation နဲ့ Navigation တွေဟာ ချောမွတ်မှု မရှိပါဘူး။

Ref : gsmarena