Xiaomi က တရုတ်မှာ အားလုံးစောင့်မျှော်နေကြတဲ့ စွမ်းရည်မြင့် Xiaomi 13 နဲ့ 13 Pro ကို ကြေညာလိုက်ပါတယ်။ ဒါ့အပြင် Xiaomi Mini PC, Xiaomi Buds 4 နဲ့ Xiaomi 10 Gigabit Router တို့ကိုပါ မိတ်ဆက်လိုက်ပါတယ်။ အားလုံးထဲမှာ Xiaomi 13 Series ပြီးရင် Xiaomi Mini PC ဟာ စိတ်ဝင်စားစရာ အကောင်းဆုံး Gadget ဖြစ်ပါတယ်။ အရွယ်အစား သေးငယ်တဲ့ စွမ်းရည်မြင့် PC ဖြစ်ပြီး သွားလေရာကို လွယ်ကူစွာ ယူဆောင်နိုင်ပါတယ်။
Xiaomi Mini PC ရဲ့ အရွယ်အစား အပြည့်အစုံက 112x112x38mm ဖြစ်ပြီး အလေးချိန်က ၄၃၇ ဂရမ်ပဲ ရှိပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး ဒီဇိုင်းက ရှင်းလင်း ခန့်ညားပါတယ်။ 12th Gen Intel Core i5-1240P Processor မောင်းနှင်ထားပြီး Intel Iris Xe Graphic Support ပါပါတယ်။ CPU မှာ 4.4Ghz Maximum Turbo Frequency , 12MB Level 3 Cache ထည့်သွင်းထားပြီး 12 Cores နဲ့ 16 Threads ကို အခြေခံထားပါတယ်။
16GB 3200MHz DDR4 RAM နဲ့ 512GB PCIe 4.0 NVMe SSD ပါလာပါတယ်။ အနောက်ဘက်မှာ 2x HDMI 2.1 Interface , 1x 2.5G Network Port , 1x USB 3.0 Gen2 နဲ့ 1x USB 2.0 Port တွေ တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 2x USB 3.0 Gen2 Port နဲ့ 3.5mm Headphone Jack ပါပါတယ်။
WiFi 6 နဲ့ Bluetooth 5.3 ဆက်သွယ်မှု ထောက်ပံ့ထားပြီး Port များစွာ ပါတဲ့အတွက် ဘယ်လို လက်ပ်တော့၊ မော်နီတာမျိုးနဲ့မဆို ချိတ်ဆက်နိုင်ပါတယ်။ Windows 11 Home Chinese Edition မောင်းနှင်ထားပြီး တရုတ်မှာ ၅၃၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မကြာခင် Xiaomi ရဲ့ တရားဝင် အွန်လိုင်းနဲ့ မြေပြင် စတိုးတွေကနေ ရောင်းချမှာပါ။
Ref : gizmochina