Honor က 80 GT စမတ်ဖုန်း၊ Pad V8 Pro တက်ဘလက်တို့နဲ့အတူ Honor Band 7 အမည်ရ Fitness Tracker ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ Honor Band 6 ရဲ့ မျိုးဆက်သစ် ဖြစ်ပေမယ့် အဓိက တိုးတက်မှုတွေ မပါလာပါဘူး။ Honor Band 7 ရဲ့ Specs တွေကို လေ့လာကြည့်ရအောင်။

Honor band 7 display

Honor Band 7 ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူညီပြီး လေးထောင့် မျက်နှာပြင် တပ်ဆင်ထားပါတယ်။ သတ္တု Case ပါလာပြီး ၁.၄၇ လက်မ Color AMOLED မျက်နှာပြင်နဲ့ 2.5D Curved Glass Protection ထည့်သွင်းထားပါတယ်။

Honor Band 7

အသုံးဝင်တဲ့ Fitness Tracking လုပ်ဆောင်ချက်တွေ ပါလာပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏ ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု အခြေအနေကို တိုင်းတာတာတွေ ထည့်သွင်းထားပါတယ်။ Sports Mode ပေါင်း ၉၆ ခုကို ထောက်ပံ့ထားတဲ့အတွက် အားကစားသမားတွေနဲ့ သင့်တော်ပါတယ်။

Honor Band 7 မှာ သာမာန်သုံးရင် ၁၄ ရက်ခံပြီး အလွန်အကျွံသုံးရင် ၁၀ ရက်ခံတဲ့ ဘက်ထရီ ပါလာပါတယ်။ Fast Charging နဲ့ Blutooth 5.2 ဆက်သွယ်မှုတွေကို ထောက်ပံ့ပြီး Payment တွေ ပြုလုပ်နိုင်ပါတယ်။ ဖုန်းကို ဓါတ်ပုံရိုက်ခိုင်းတဲ့ Remote အဖြစ်သုံးနိုင်ပြီး ဖုန်းက သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။

Rose Pink, Cedar Blue နဲ့ Magic Night Black အရောင် ၃ ရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ ၃၅ ဒေါ်လာဝန်းကျင် သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina