Xiaomi Indonesia က Redmi Note 12 Pro 4G ရဲ့ အဓိက Specs တွေကို အတည်ပြုလိုက်ပါတယ်။ Xiaomi က Redmi Note 12 4G, Note 12 5G , Note 12 Pro 5G , Note 12 Pro+ 5G တို့ကို ကြေညာထားပြီးပြီ ဖြစ်ပြီး Note 12 Pro 4G ဟာ ပဉ္စမမြောက် Note 12 Series ဖြစ်လာမှာပါ။

Redmi Note 12 Pro 4G key specs

Redmi Note 12 Pro 4G မှာ 6.67” AMOLED FHD+ (1080x2400p) မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အထက် အလယ်မှာ Punch Hole တပ်ဆင်ထားမှာပါ။ တခြား Note 12 Series ဖုန်းတွေမှာလို 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Redmi Note 12 Pro 4G launched in Indonesia, specifications here! - xiaomiui

Snapdragon 732G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာပါ။ microSD Card စိုက်နိုင်မှာ ဖြစ်ပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားမှာပါ။

Redmi Note 12 Pro 4G ရဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 5MP Macro , 2MP Depth ကင်မရာတွေ တပ်ဆင်ထားမှာပါ။ 4K Video တွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေဖတ် ကိရိယာ တပ်ဆင်ထားမှာပါ။ Dual SIM ဖုန်း ဖြစ်ပြီး IR Blaster , NFC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Dolby Atmos စတီရီယို စပီကာတွေနဲ့ နားကြပ်ပေါက် ပါလာမှာပါ။

Ref : gizmochina