Redmi Note 12 4G, Note 12 5G , Note 12 Pro နဲ့ Note 12 Pro+ 5G တို့ကို နိုင်ငံတကာအတွက် ကြေညာပြီးနောက်မှာ Redmi က Note 12S ကို မကြာခင် ချပြတော့မယ်လို့ ထင်ပါတယ်။ ပေါက်ကြားသတင်းတွေအရ Redmi က အဲဒီ စမတ်ဖုန်းကို လာမယ့် ရက်သတ္တပတ်တွေအတွင်း နိုင်ငံတကာမှာ ကြေညာနိုင်ပါတယ်။

Redmi

အခုတော့ Redmi Note 12S ကို SIRIM Database မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က 2303CRA44A ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်က လွဲပြီး အဲဒီမှာ တခြား Specs တွေကို မဖော်ပြထားပါဘူး။

မကြာခင်က သတင်းတွေအရ Redmi Note 12S ဟာ အရင်နှစ်ထုတ် Note 11S ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ပြောင်းလဲမှုတချို့ပါလာနိုင်ပါတယ်။ ပိုမြန်တဲ့ အားသွင်း စနစ် ထည့်သွင်းထားနိုင်ပေမယ့် Depth Sensor မပါလာနိုင်ပါဘူး။

Redmi Note 12S နဲ့ Note 12 Pro 4G တို့ ထွက်လာမည် – MyTech Myanmar

ခန့်မှန်းချက်တွေအရ Redmi Note 12S မှာ 6.43” AMOLED Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာနိုင်ပါတယ်။ Helio G96 Chipset မောင်းနှင်ထားနိုင်ပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားနိုင်ပါတယ်။ နောက်ဆုံးထုတ် Android 13 OS အခြေပြု MIUI 14 မောင်းနှင်ထားနိုင်ပြီး 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားနိုင်ပါတယ်။

ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 108MP Main, 8MP Ultrawide , 2MP Macro နဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina