Redmi Note 12 Pro 4G ကို မကြာခင်က အင်ဒိုနီးရှားမှာ ကြေညာခဲ့ပြီး အခုတော့ ဥရောပကို ရောက်လာပါပြီ။ အဲဒီဖုန်းမှာ Snapdragon 732G Chipset မောင်းနှင်ထားပြီး 108MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး 120Hz AMOLED မျက်နှာပြင်၊ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။ Dolby Atmos၊ Dolby Vision နဲ့ 4K Video Recording တွေ အသုံးပြုနိုင်ပါတယ်။

Redmi Note 12S and Redmi Note 12 Pro 4G make sneaky official debut in Europe

တခြား Specs တွေကို မသိရသေးပေမယ့် ဥရောပမှာ ယူရို ၃၂၉ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Redmi က ဥရောပမှာ Note 12S ကို ကြေညာလိုက်ပြီး 6.43” 90Hz LCD မျက်နှာပြင် ပါလာပါတယ်။ အနောက်ဘက်မှာ 108MP Main ကင်မရာ အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Redmi Note 12S and Redmi Note 12 Pro 4G make sneaky official debut in Europe

MediaTek Helio G96 SoC မောင်းနှင်ထားပြီး IR Blaster ၊ လက်ဗွေရာ ကိရိယာနဲ့ IP53 စံနှုန်း ပါလာပါတယ်။ စပီကာ ၂ လုံး တပ်ဆင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Onyx Black , Ice Blue နဲ့ Pearl Green အရောင်တွေ ထုတ်လုပ်ထားပြီး ၂၈၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena