အိန္ဒိယက အမျိုးသား ၁ ယောက်ဟာ အင်္ကျီအိတ်ကပ်ထဲမှာ Redmi Note 12 Pro ကို ထည့်ထားစဉ်မှာ မီးလောင်သွားတယ်လို့ ပြောပါတယ်။ သူ့ရဲ့အမည်က Naveen Dahiya ဖြစ်ပြီး Redmi Note 12 Pro ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဝယ်ယူခဲ့တာပါ။ ဧပြီလ ၁၁ ရက်နေ့မှာ သူဟာ ဖုန်းကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားစဉ် မီးလောင်တဲ့ အနံ့ကို ရခဲ့တာဖြစ်ပြီး ဖုန်းကို ကြည့်လိုက်တဲ့အခါ မီးလောင်နေတာကို မြင်ရပါတယ်။ ကံကောင်းတာက သူ့ အရေပြားကို မီးမလောင်ခင် ဖုန်းကို ဖယ်ရှားနိုင်ခဲ့တာပါ။

Redmi Note 12 Pro

ဖုန်းကို အားသွင်းနေချိန်မှာ မီးလောင်တာ မဟုတ်တဲ့အတွက် မီးလောင်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ဖုန်းဟာ မီးလောင်မှုကြောင့် လုံးဝ ပျက်ဆီးသွားခဲ့ပါတယ်။ Dahiya ဟာ ဖုန်းမီးလောင်တာကို သိသိချင်း ကြမ်းပြင်ကို ပစ်ချခဲ့တာကြောင့် သူ့ကို မထိခိုက်ခဲ့ပါဘူး။ အဲဒီနောက်မှာ သူဟာ Redmi Customer Service ကို အကြောင်းကြားခဲ့ပြီး ကုမ္ပဏီထံက ကျေနပ်လောက်စရာ တုန့်ပြန်မှု မရရင် တရားစွဲမယ်လို့ ပြောပါတယ်။

Redmi ဟာ တခြား Redmi Note 12 Pro အလုံးတွေမှာ ဒီလို မဖြစ်အောင် အခု ဖြစ်ရပ်ကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။

စမတ်ဖုန်းတွေဟာ အခန့်မသင့်ရင် အခုလို မီးလောင်နိုင်တယ်ဆိုတာ အခု ဖြစ်ရပ်က သက်သေပြနေပါတယ်။ User တွေဟာ ဖုန်း မီးလောင်မှု မဖြစ်အောင်လည်း ဂရုစိုက်သင့်ပါတယ်။ ဖုန်းကို အလွန်အကျွံ အားမသွင်းမိအောင်နဲ့ အလွန်ပူပြင်းတဲ့ နေရာတွေမှာ မထားမိအောင် ထိန်းသိမ်းသင့်ပါတယ်။

Ref : gizmochina