Redmi Note ဟာ Xiaomi ရဲ့နာမည်ကြီး Series ဖြစ်ပါတယ်။ အဲဒီ Series ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း များစွာ တိုးတက်လာပါတယ်။ အခုဆိုရင် တန်ဖိုးနည်းဖုန်း မဟုတ်တော့ဘဲ စွမ်းရည်သင့် ဖုန်းတွေ ဖြစ်လာပါပြီ။  အရင်မျိုးဆက်တွေထက် ဈေးနှုန်းက ၂ ဆ တက်လာပေမယ့် တန်ဖိုးနဲ့ ညီမျှတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Redmi Note 13 Series Phone Reportedly Spotted on IMEI Website: Everything We Know | Technology News

အခုတော့ Digital Chat Station က နောက်မျိုးဆက် Redmi Note Series ကို ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ သူက ဖုန်း အမည်ကို မပြောပေမယ့် Redmi Note 13 ဖြစ်နိုင်ပါတယ်။

သူက နောက်မျိုးဆက် Redmi Note Series မှာ 6.7” OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Punch Hole ကို အလယ်မှာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ စွမ်းရည်မြင့် ဖုန်းတွေမှာလို လေးဘက်လေးတန်က ဘောင်တွေဟာ ပါးလွှာမှာ ဖြစ်ပါတယ်။

Xiaomi Redmi Note 12T Pro Plus Price in Pakistan 2023 &l Specifications

Digital Chat Station မျှဝေထားတဲ့ Redmi Note Series အသစ်ရဲ့ သတင်းအချက်အလက်တွေက ဒီလောက်ပဲ ဖြစ်ပြီး လာမယ့်ရက်တွေမှာ သတင်းအချက်အလက်တွေ ပိုမိုသိလာရနိုင်ပါတယ်။

တရုတ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက Redmi Note 12 Series ကို ကြေညာခဲ့ပါတယ်။ အဲဒီအတွက် နောက်မျိုးဆက် Redmi Note 13 Series ကိုလည်း အဲဒီ အချိန်လောက်မှာ မိတ်ဆက်နိုင်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina