Redmi ဟာ ဈေးချို စွမ်းရည်မြင့်တဲ့ K70 Series ကို ဒီနှစ်မကုန်ခင် ကြေညာမယ်လို့သတင်းထွက်နေပါတယ်။ အခုတော့ Tipster Digital Chat Station က Redmi K70 Pro ရဲ့ အဓိက Specs တွေကို မျှဝေလိုက်ပါတယ်။

DCS က Redmi K70 Pro မှာ Snapdragon 8 Gen 3 Chipset ပါလာမယ်လို့ ပြောပါတယ်။ Redmi K70 နဲ့ K70 Pro မှာ Snapdragon 8 Gen 2 နဲ့ Snapdragon 8 Gen 3 အသီးသီး ထည့်သွင်းထားမယ်ဆိုတဲ့အရင်သတင်းတွေနဲ့ တူညီနေပါတယ်။

DCS က Redmi K70 Pro မှာ 120W Fast Charging ထောက်ပံ့တဲ့ 5,120mAh Battery ပါလာမယ်လို့ ပြောပါတယ်။ သူက K70 Series အားလုံးမှာ 2K Resolution မျက်နှာပြင် တပ်ဆင်ထားမယ်လို့ပြောပါတယ်။

Redmi K70 "strongest standard" specs and rough launch date revealed - NotebookCheck.net News

K70 နဲ့ K70 Pro အပြင် အဲဒီ Series မှာ Redmi K70e လည်း ပါလာမှာပါ။ K70e မှာ Dimensity 8300 Chipset မောင်းနှင်ထားနိုင်ပါတယ်။ K70 Series မှာ သားရေ Texture အနောက်ဘက် Panel နဲ့ Telephoto ကင်မရာတွေ ပါလာနိုင်ပါတယ်။

Redmi K70e , K70 နဲ့ K70 Pro ရဲ့ မော်ဒယ်နံပါတ်တွေက 23117RK66C, 2311DRK48C နဲ့  23113RKC6C အသီးသီးဖြစ်ပါတယ်။ Redmi K70e ကို တရုတ်မှာပဲ ရောင်းချနိုင်ပါတယ်။ K70 နဲ့ K70 Pro ကို အိန္ဒိယ အပါအဝင် နိုင်ငံတကာဈေးကွက်တွေမှာ Poco F6 , Poco F6 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina