Redmi K60 Ultra ကို ဒီလ ၁၄ ရက်နေ့က ကြေညာခဲ့ပြီး ၁၆ ရက်နေ့ တရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။ Redmi က ၅ မိနစ်အတွင်း အလုံးရေ ၂၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ JD.com/Tmall မှာ ၂၀၂၃ ခုနှစ်အတွင်း ယွမ် ၄,၀၀၀ ဈေးနှုန်းရှိတဲ့ စမတ်ဖုန်း ရောင်းအားမှာ ဒါဟာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

Xiaomi Group ရဲ့ ဥက္ကဌ Lu Weibing က Redmi K60 Ultra ရဲ့ စံချိန်တင် ရောင်းအားကို ဝီဘိုမှာ “ ဘယ်သူ ယှဉ်ပြိုင်ရဲသလဲ! ရောင်းအားက အံ့မခန်းပါပဲ။ ၅ မိနစ်အတွင်း အလုံးရေ ၂၂၀,၀၀၀ ရောင်းနိုင်ခဲ့ပါတယ်။ “ လို့ ရေးသားထားပါတယ်။ ၁ စက္ကန့်ကို ၇၃၃ လုံးနဲ့ ၁ မိနစ်ကို ၄၄,၀၀၀ လုံး ရောင်းချနိုင်ခဲ့တာပါ။ K60 Ultra ရဲ့ 12/256GB ကို ၂,၅၉၉ ယွမ်နဲ့ ရောင်းထားပြီး ပေးရတဲ့ ဈေးထက်တန်တဲ့ Specs တွေ ထည့်သွင်းထားပါတယ်။

K60 Ultra ဟာ Redmi ရဲ့ စွမ်းရည် အမြင့်ဆုံး ဖုန်း ဖြစ်ပြီး Dimensity 9200+ Chip ထည့်သွင်းထားပါတယ်။ စွမ်းရည်မြင့်ကင်မရာတွေ တပ်ထားပြီး 50MP Sony IMX800 , 8MP Ultrawide နဲ့ 2MP Macro တို့ ဖြစ်ပါတယ်။

120W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ထားပြီး IP68 စံနှုန်း ပါပါတယ်။ 6.67” OLED 1.5K မျက်နှာပြင် တပ်ထားပြီး 144Hz Refresh Rate ပါပါတယ်။ Xiaomi က Redmi K60 Ultra ကို နိုင်ငံတကာမှာ Xiaomi 13T Pro အမည်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina