Huawei က ဒီဇင်ဘာလ ၁၂ ရက်နေ့ ဒူဘိုင်းမှာ ထုတ်ကုန် မိတ်ဆက်ပွဲ တစ်ခု ကျင်းပမှာ ဖြစ်ပါတယ်။ လူမှုကွန်ရက်က Teaser အရ Innovative Product Launch လို့ အမည်ပေးထားပြီး “ Creation of Beauty” ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ ထုတ်ကုန်ဟာ MatePad Pro 13.2 သို့မဟုတ် MatePad Pro 11 2024 ဖြစ်နိုင်ပါတယ်။
Teaser ဓါတ်ပုံရဲ့ ညာဘက်ထိပ်မှာ ထူးခြားတဲ့ Accessory ကို တွေ့ရပြီး HarmonyOS ပါတဲ့ နားကြပ် သို့မဟုတ် စမတ် Gadget ဖြစ်နိုင်ပါတယ်။
MatePad Pro 13.2 ကို စက်တင်ဘာလက ကြေညာထားပြီး Notched Display , Kirin 9000S Chipset နဲ့ 10,100mAh Battery ပါပါတယ်။ ၂ လအကြာမှာ ၁၁ လက်မ မော်ဒယ်ကို ကြေညာခဲ့ပြီး တူညီတဲ့ SoC ထည့်သွင်းထားကာ ဒီဇိုင်း၊ အရွယ်အစား အပါအဝင် ကျန်တဲ့ Specs တွေဟာ MatePad Pro 11 2022 နဲ့ တူညီပါတယ်။
တက်ဘလက် ၂ ခုစလုံးမှာ ပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်တွေ ထည့်သွင်းထားပြီး Screen က Visualization တွေက တူညီကြပါတယ်။ ဘယ်တက်ဘလက်ကို ကြေညာမလဲဆိုတာ တရားဝင် မသိရသေးပါဘူး။ Teaser အရ Huawei ဟာ အဲဒီ မိတ်ဆက်ပွဲမှာ Wearable တွေကိုလည်း ကြေညာနိုင်ပါတယ်။
Ref : gsmarena