OPPO က ဂျပန်မှာ Reno 11A ကို ကြေညာလိုက်ပြီး အဓိက Specs တွေထဲမှာ 120Hz AMOLED Display , 64MP ကင်မရာနဲ့ 67W Fast Charging ပါပါတယ်။

OPPO Reno 11A မှာ 6.7” AMOLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 14 OS အခြေပြု ColorOS 14 မောင်းနှင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

Oppo reno 11a

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

Dimensity 7050 Chipset မောင်းနှင်ထားပြီး 8GB RAM , 128GB Storage ထည့်သွင်းထားပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Wi-Fi 802.11ax, Bluetooth 5.2, GPS, NFC, a USB-C port နဲ့ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံက 162 x 75 x 7.6mm ဖြစ်ပြီး အလေးချိန်က ၁၇၇ ဂရမ် ဖြစ်ပါတယ်။

Reno 11A ကို ဂျပန်မှာ ၄၈,၈၀၀ ယန်း (၃၀၇ ဒေါ်လာ) သတ်မှတ်ထားပြီး ဒီလ ၂၇ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ Coral Purple နဲ့ Dark Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina