OPPO က အိန္ဒိယမှာ A3 Pro ကို ကြေညာလိုက်ပါတယ်။ စစ်တပ်အဆင့် အကြမ်းခံတဲ့ ကိုယ်ထည် တပ်ဆင်ထားပြီး စွမ်းရည်သင့် စမတ်ဖုန်း အမျိုးအစား ဖြစ်ပါတယ်။

Oppo A3 Pro

OPPO A3 Pro မှာ 6.7” AMOLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ Full HD+ Resolution ထောက်ပံ့ထားပါတယ်။ 950 Nits Peak Brightness ပါလာပြီး 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ ရေစိုတဲ့ လက်နဲ့ အသုံးပြုနိုင်တဲ့ စွမ်းရည် ထည့်သွင်းထားပြီး အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ပါတယ်။ SGS Drop-Resistance နဲ့ SGS Military Standard Certification တွေရထားပါတယ်။ ဘူးထဲမှာ Anti-drop Shield Case ထည့်သွင်းထားပါတယ်။

Oppo A3 Pro

OPPO A3 Pro မှာ MediaTek Dimensity 6300 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ 8GB Virtual RAM အသုံးပြုနိုင်ပါတယ်။ 45W Fast Charging ပါတဲ့ 5,100mAh Battery ပါပါတယ်။

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Android 14 OS အခြေပြု ColorOS 14 မောင်းနှင်ထားပါတယ်။

OPPO A3 Pro အတွက် Starry Black နဲ့ Moonlight Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၁၇,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gizmochina