Xiaomi က တန်ဖိုးနည်း Redmi A3x ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Midnight Black, Ocean Green, Olive Green နဲ့ Starry White အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 3/64GB နဲ့ 4/128GB Version တွေ ထုတ်လုပ်ထားပြီး ၈၅ ဒေါ်လာနဲ့ ၉၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Redmi A3x launched in India: Check its top alternatives here
Redmi A3x မှာ Unisoc T603 SoC မောင်းနှင်ထားပြီး Android 14 အခြေပြု MIUI OS ထည့်ထားပါတယ်။ Xiaomi က အဓိက Android Update ၂ ကြိမ်နဲ့ Security Patch ၃ နှစ်ပေးမယ်လို့ ပြောပါတယ်။

Redmi A3x Launched In India 90Hz Panel, Unisoc Chipset; Check Price, Specs
Redmi A3x မှာ 6.71” 90Hz HD+ LCD Display တပ်ဆင်ထားပြီး Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 8MP Main , Auxilliary ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။
နားကြပ်ပေါက် ၊ microSD Card Slot ၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ USB-C Port ထည့်သွင်းထားပါတယ်။ Xiaomi India ရဲ့ အွန်လိုင်းစတိုးကနေ Redmi A3x ကို စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena