Redmi Note 14 Pro 5G မှာ Snapdragon 7s Gen 3 ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။ XiaomiTime Team က အဲဒီဖုန်းရဲ့ Processor လို Specs တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ Snapdragon 7s Gen 3 Chipset ပါတဲ့ ပထမဆုံးဖုန်း ဖြစ်လာမှာ ဖြစ်ပြီး Note 14 Pro 5G ဟာ စွမ်းရည်သင့် ဖုန်းတွေထဲမှာ တော်တော် အစွမ်းထက်မှာပါ။

အဲဒီသတင်းအချက်အလက်ကို HyperOS Source Code ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ Chipset အသစ်ဟာ အရင်မျိုးဆက် Snapdragon 7s Gen 2 ထက် အများကြီး ပိုကောင်းလာမှာပါ။ 7s Gen 3 ဟာ CPU စွမ်းရည်မှာ ၂၀ ရာခိုင်နှုန်းနဲ့ GPU စွမ်းရည်မှာ ၄၀ ရာခိုင်နှုန်း တိုးတက်လာမှာပါ။ အဲဒီအတွက် ဖုန်းဟာ အရင်ကထက် ဂိမ်းနဲ့ Multitasking ပိုကောင်းလာမှာပါ။

Redmi Note 14 Pro 5G ဟာ ရောင်းချတဲ့ နိုင်ငံအလိုက် ကင်မရာတွေ ကွဲပြားမယ်လို့ ပြောပါတယ်။ နိုင်ငံတကာ မော်ဒယ်မှာ Telephoto Lens ပါတဲ့ ကင်မရာ ၃ လုံး ပါလာမှာပါ။ ရုပ်ပုံ အရည်အသွေး မကျစေဘဲ Zoom ဆွဲကာ ရိုက်ကူးနိုင်မှာပါ။ တရုတ်မှာ ရောင်းတဲ့ Note 14 Pro 5G မှာ Telephoto Lens အစား Micro Lens ထည့်သွင်းထားမှာပါ။ အရွယ်သေး အရာဝတ္ထုတွေကို အနီးကပ် ရိုက်ချင်သူတွေအတွက် ကောင်းမှာပါ။

Redmi Note 14 Pro 5G ဟာ စွမ်းရည်သင့် ဖုန်း ဈေးကွက်မှာ နာမည်ကြီးလာနိုင်ပြီး စွမ်းရည်မြင့် Processor အသစ်နဲ့ ရွေးချယ်စရာ ကင်မရာတွေ ပါလာမှာပါ။ Xiaomi က အဲဒီဖုန်း အကြောင်း မပြောသေးပေမယ့် လူကြိုက်များတဲ့ ဖုန်း ၁ လုံး ဖြစ်လာမှာပါ။

Ref : gizmochina