Xiaomi က တန်ဖိုးနည်း Redmi 14C ကို ဗီယက်နမ်မှာ ဒီလ ၃၁ ရက်နေ့ ကြေညာတော့မှာပါ။ အခုတော့ ဗီယက်နမ် စတိုးဆိုင် ၁ ခုကနေ အဲဒီဖုန်းရဲ့ Specs တွေ ထွက်ပေါ်လာပါတယ်။
Redmi ဟာ ဖုန်း အသစ်တွေမှာ ဒီဇိုင်းကို ဆန်းသစ်ထားလေ့ရှိပြီး Redmi 14C ကလည်း အလားတူပဲ ဖြစ်ပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပြီး အရင်မျိုးဆက်နဲ့ လုံးဝ မတူပါဘူး။
14C ရဲ့ အပြာရောင် မော်ဒယ်ကို ဓါတ်ပုံမှာ တွေ့ရပြီး အရောင်တောက်ပတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main , Depth ကင်မရာတွေနဲ့အတူ LED Flash ကို ထည့်သွင်းထားပါတယ်။ အပြာရောင်အပြင် အစိမ်းနဲ့ အနက်ရောင်ကိုလည်း တွေ့ရပါတယ်။
အရှေ့ဘက်မှာ 6.88” LCD HD+ Display ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 5,160mAh Battery နဲ့ 18W Charging ပါလာမှာဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။
စတိုးမှာ Processor အကြောင်းကို မဖော်ပြထားပေမယ့် MediaTek Helio G91 Ultra ပါလာနိုင်ပါတယ်။ 4GB RAM , 128GB Storage နဲ့ 8GB RAM, 128GB Storage ထည့်ထားနိုင်ပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။
Ref : gizmochina