တရုတ်မှ Mediastorm ရဲ့ CEO ကြေညာချက်က တရုတ် လူမှုကွန်ရက်မှာ နာမည်ကြီးနေပြီး ၁ ရက်အတွင်း ကြည့်ရှုသူ ၁၄ သန်းနီးပါး ရှိပါတယ်။

Chinese Company To Give All 100 Staff An iPhone 16 Pro... Even Interns - 8days

CEO က “ ထုံးစံအတိုင်း ဝန်ထမ်း အားလုံးကို iPhone 16 Pro လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အမြဲတမ်းရော အလုပ်သင် ဝန်ထမ်း အားလုံးကို ပေးမှာပါ။ ကုမ္ပဏီမှာ လက်ရှိရှိနေတဲ့ လူအားလုံးရမှာပါ။ ကုမ္ပဏီက အခွန်အားလုံးကိုလည်း ပေးမှာ ဖြစ်တဲ့အတွက် မစိုးရိမ်ပါနဲ့။ “ လို့ ရေးသားထားပါတယ်။

Company in China gifts employees iPhone 16 Pro regardless of whether they're interns or full-timers

Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ iPhone 16 Series ကို ကြေညာခဲ့ပြီး အမေရိကန်မှာ Pro မော်ဒယ်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Mediastorm မှာ ဝန်ထမ်း ၁၀၀ ရှိတဲ့အတွက် ဒေါ်လာ ၉၉,၉၀၀ အနည်းဆုံး ကျသင့်မှာ ဖြစ်ပါတယ်။

Mediastorm ဟာ ဝန်ထမ်းတွေကို ဒီလို တန်ဖိုးကြီးတဲ့ လက်ဆောင်ပေးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဝန်ထမ်းတွေကို iPhone လက်ဆောင်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ iPhone 14 Pro နဲ့ ၂၀၂၃ ခုနှစ်မှာ iPhone 15 Pro ကို လက်ဆောင်ပေးခဲ့ပါတယ်။

Ref : e.vnexpress