Honor က ဇူလိုင်လမှာ 200 နဲ့ 200 Pro ကို ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ Honor 200 Lite ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းဟာ ကျစ်လစ်သေးငယ်တဲ့ ဒီဇိုင်း ဖြစ်ပြီး အရွယ်အစား အပြည့်အစုံမှာ 161.05 x 74.55 x 6.78mm နဲ့ အလေးချိန်မှာ ၁၆၆ ဂရမ် ဖြစ်ပါတယ်။

Honor 200 Lite with MediaTek Dimensity 6080 SoC, 50MP front camera, 4500mAh  battery launched in India: price, specifications

6.7” FHD+ AMOLED Display တပ်ဆင်ထားပြီး 2,000 Nits Brightness, 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု MagicOS 8.0 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main (OIS), 5MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 50MP ကင်မရာ တပ်ဆင်ထားပါတယ်။

Honor 200 Lite 5G launched in India with MediaTek Dimensity 6080 chipset:  Price, specifications and more | Mint

Dimensity 6080 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ 4,500mAh Battery ပါလာပြီး ဘူးထဲမှာ 35W Charger ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး USB-C ပါပါတယ်။

Honor 200 Lite ရဲ့ 8/256GB ကို ၂၁၅ ဒေါ်လာ သတ်မှတ်ထားပြီး Midnight Black, Starry Blue နဲ့ Cyan Lake အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၇ ရက်နေ့ အိန္ဒိယမှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gizmochina