Xiaomi က ဒီတစ်ပတ်ထဲမှာ Redmi Note 14 Pro Series ကို ကြေညာဖို့ ကတိပေးထားပြီး အခုတော့ နေ့ရက်အတိအကျကို သိလာရပါပြီ။ အဲဒီဖုန်းတွေကို ဒီလ ၂၆ ရက်နေ့ ကြေညာမှာပါ။

Redmi Note 14 Pro နဲ့ Redmi Note 14 Pro+ ကို ကြေညာမှာ ဖြစ်ပြီး ကွဲပြားတဲ့ ဒီဇိုင်း သုံးထားပါတယ်။ Pro မှာ အရောင်ပါတဲ့ ကင်မရာ Island နဲ့ Plus မှာ အနောက်ဘက်မှာ ဖန်သုံးထားပါတယ်။

Redmi Note 14 Pro Series မှာ IP68 နဲ့ IP69K စံနှုန်း ထည့်သွင်းထားပါတယ်။ အဲဒီအတွက် ရေထဲနှစ်ပြီး အသုံးပြုနိုင်မှာ ဖြစ်သလို ဖုန်မဝင်အောင်ကာကွယ်နိုင်ပါတယ်။ အလွန်မြင့်မားတဲ့အပူချိန်ကို ခံနိုင်ပါတယ်။

Xiaomi ရဲ့ တရားဝင် ဝီဘိုစာမျက်နှာမှာ အဲဒီဖုန်းတွေမှာ Display ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားမယ်လို့ အတည်ပြုထားပါတယ်။

တရားဝင် မိတ်ဆက်ဖို့ ရက်ပိုင်းအနည်းငယ်ပဲလိုတော့ပြီး ဒီကြားထဲမှာ Xiaomi က အဲဒီဖုန်းတွေရဲ့ Feature တွေကို Tease လုပ်လာနိုင်ပါတယ်။ Chipset ၊ ကင်မရာနဲ့ Battery ပမာဏတွေကို သိလာနိုင်ပါတယ်။

Ref : gsmarena