Infinix က Zero Flip ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်ပါတယ်။ Clamshell ဒီဇိုင်း ဖြစ်ပြီး 6.9” Main LTPO AMOLED FHD+ Display , 120Hz Refresh Rate, 1400 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 3.64” AMOLED Cover Display တပ်ဆင်ထားပြီး 1056x1066p Resolution , 120Hz Refresh Rate , Gorilla Glass 2 Protection ပါပါတယ်။

Infinix Zero Flip key specs

Cover Screen မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 50MP Main (OIS) နဲ့ 50MP Ultrawide တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 50MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံးစလုံးဟာ 4K Video ရိုက်ကူးနိုင်ပါတယ်။

Infinix announces its first foldable, meet the Zero Flip

Zero Flip ဟာ ခေါက်ထားရင် အထူက ၁၆ မီလီမီတာနဲ့ ဖြန့်ထားရင် ၇.၆ မီလီမီတာ ရှိပါတယ်။ MediaTek Dimensity 8020 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 512GB Storage ပါပါတယ်။ Android 14 အခြေပြု XOS 14.5 မောင်းနှင်ထားပြီး 70W Fast Charging ထောက်ပံ့တဲ့ 4,720mAh Battery ပါပါတယ်။

Infinix Zero Flip အတွက် Rock Black နဲ့ Blossom Glow အရောင် ထုတ်လုပ်ထားပြီး ၆၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena