Xiaomi က ပထမဆုံး Flip Foldable ဖြစ်တဲ့ Mix Flip ကို တရုတ်မှာ လွန်ခဲ့တဲ့ ၂ လလောက်က ကြေညာခဲ့ပြီး အခုတော့ နိုင်ငံတကာမှာ ၁,၃၀၀ ယူရိုနဲ့ ရောင်းချပေးလိုက်ပါတယ်။ နိုင်ငံတကာမှာ အဲဒီဖုန်းအတွက် 12GB RAM နဲ့ 512GB Storage Version ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။

Xiaomi Mix Flip မှာ ကြီးမားတဲ့ 4.01” Cover Display တပ်ဆင်ထားပြီး 120Hz Refresh Rate, 1.5K Resolution နဲ့ 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အထက်မှာ ထိခိုက်မှုကို ခံနိုင်တဲ့ Dragon Crystal Glass နဲ့ ကာကွယ်ထားပါတယ်။ Cover Display ရဲ့ အထက်မှာ Earpiece နဲ့ Microphone တပ်ဆင်ထားပြီး ဖုန်းဖွင့်စရာ မလိုဘဲ ဖုန်း ပြောနိုင်ပါတယ်။

ပင်မ Display ဟာ 6.86” ဖြစ်ပြီး တူညီတဲ့ Resolution , Refresh Rate နဲ့ Peak Brightness ထောက်ပံ့ထားပါတယ်။ ပါဝါခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။ ဖုန်း အလေးချိန်ဟာ ၁၉၂ ဂရမ် ဖြစ်ပြီး ခေါက်ထားရင် အထူက ၁၅.၉၉ မီလီမီတာ ဖြစ်ပါတယ်။

Xiaomi Mix Flip makes global debut

အနောက်ဘက်မှာ Leica ကင်မရာ တပ်ဆင်ထားပြီး 50MP Main (OIS) နဲ့ 50MP Telephoto (2 x Zoom) ဖြစ်ပါတယ်။ အတွင်းဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

Xiaomi Mix Flip မှာ Snapdragon 8 Gen 3 SoC မောင်းနှင်ထားပါတယ်။ အပူချိန် လျှော့ချပေးဖို့ 3D Vapor Cooling Chamber ပါပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 4,780mAh Battery ထည့်သွင်းထားပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Ref : gsmarena