စက်တင်ဘာလ အစမှာ Infinix က Hot 50 5G ကို ကြေညာခဲ့ပြီး အခုတော့ ဈေးသက်သာတဲ့ 4G Version ကို မိတ်ဆက်လိုက်ပါတယ်။ ဒီဇိုင်း တူညီပေမယ့် အဓိက Specs အနည်းငယ် ကွဲပြားပါတယ်။

Infinix Hot 50 4G unveiled with Helio G100 chipset, 6.78'' FHD+ IPS LCD

Infinix Hot 50 4G မှာ Helio G100 Chipset မောင်းနှင်ထားပြီး 6 or 8GB RAM နဲ့ 128 or 256GB Storage ထည့်သွင်းထားပါတယ်။ 2TB microSD Card စိုက်နိုင်ပါတယ်။

Infinix Hot 50 4G unveiled with Helio G100 chipset, 6.78'' FHD+ IPS LCD

6.78” IPS LCD FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ Always on Display ထောက်ပံ့ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 50MP နဲ့ နောက်ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ပါပါတယ်။

18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး အားအပြည့်သွင်းထားရင် FreeFire ကို ၉ နာရီ ကစားနိုင်တယ်လို့ Infinix က ပြောပါတယ်။ ရေစိုခံစံနှုန်း ပါပေမယ့် Infinix က IP Rating ကို မပြောပါဘူး။

Infinix Hot 50 4G ကို နိုင်ငံတချို့မှာ ရောင်းချပေးနေပြီ ဖြစ်ပြီး ယူကရိန်းမှာ ၁၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Sleek Black, Sage Green နဲ့ Titanium Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena