Apple က ၂၀၂၅ ခုနှစ် အစောပိုင်းမှာ iPhone SE 4 ကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Specs တချို့ကို သိလာရပါပြီ။

New iPhone SE rumors clarify screen, camera, chip details

iPhone SE 4 ရဲ့ အရှေ့ဘက်မှာ  iPhone 14 နဲ့ တူတဲ့ ခေတ်ပေါ် ဒီဇိုင်းကို သုံးထားမှာ ဖြစ်ပြီး Notch နဲ့ FaceID ပါလာမှာပါ။ Apple A18 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး iPhone 15 ရဲ့ ကင်မရာတချို့ တပ်ဆင်ထားမှာပါ။

L'iPhone SE 4 2025 inaugure une nouveauté pour Apple

၂၀၂၂ ခုနှစ်ထုတ် iPhone SE ဟာ iPhone 8 နဲ့ တူညီပြီး Chipset အသစ် ထည့်သွင်းထားပါတယ်။ iPhone SE (2025) မှာတော့ Chip အသစ်ကြောင့် 5G ဆက်သွယ်မှု ပါလာမှာပါ။

အရှေ့ဘက်မှာ 6.1” OLED Panel သုံးထားမှာ ဖြစ်ပြီး 2531x1170p Resolution ပါလာမှာပါ။ Touch ID မပါတော့ဘဲ Face ID သုံးနိုင်မှာပါ။ Notch မှာ 12MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲ ပါလာမှာ ဖြစ်ပြီး iPhone 15 ရဲ့ 48MP ဖြစ်ပါတယ်။

A18 Chip ပါတဲ့အတွက် iPhone SE 4 မှာ Apple Intelligence ပါလာမှာပါ။ iPhone 16 Series မှာလို Software Upgrade ကို စောင့်စရာ မလိုဘဲ AI Features တွေ တစ်ပါထဲ ပါလာနိုင်ပါတယ်။

Apple ဟာ iPhone SE (2022) ကို ၄၂၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး iPhone SE 4 ကို ၄၅၉ သို့မဟုတ် ၄၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena