တရုတ်ရဲ့ နာမည်ကြီး XPeng ကုမ္ပဏီ က P7+ လျှပ်စစ်ကားကို ကြေညာလိုက်ပါတယ်။ အဲဒီကားရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် နိုဝင်ဘာလမှာ တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ သတင်းအချက်အလက် အသေးစိတ်ကိုလည်း အဲဒီအချိန်ကျမှ သိနိုင်မှာ ဖြစ်ပါတယ်။

XPeng shows us more of the P7+, ''the world's first AI vehicle''

XPeng က P7+ ဟာ ကမ္ဘာ့ ပထမဆုံး AI ကားလို့ ကြွေးကြော်ထားပါတယ်။ ADAS, Smart Driving , Power Usage , Energy Control နဲ့ Thermal Management အပါအဝင် ကားရဲ့ Feature များစွာမှာ AI နည်းပညာကို အသုံးပြုထားပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရုတ်မှာ ကြိုတင် ရောင်းချမှာ ဖြစ်ပြီး နိုဝင်ဘာလမှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

XPeng P7+

P7+ ဟာ အရှည် ၅,၀၅၆ မီလီမီတာ၊ အကျယ် ၁,၉၃၇ မီလီမီတာနဲ့ အမြင့် ၁,၅၁၂ မီလီမီတာ ရှိပါတယ်။ Lithium Ion Phosphate Battery ၂ မျိုး ထည့်သွင်းထားပါတယ်။ 60.7kWh နဲ့ 76.3kWh ဖြစ်ပြီး ၆၂၀ နဲ့ ၇၁၀ ကီလိုမီတာ အသီးသီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

XPeng က ကားဟာ ၁၀၀ ကီလိုမီတာမှာ 11.6kWh လျှပ်စစ်စွမ်းအင်ကိုပဲ အသုံးပြုတယ်လို့ ပြောပါတယ်။ ကားမှာ Snapdragon 8295 Chip မောင်းနှင်ထားပါတယ်။ ကား မော်ဒယ်တွေကို တရုတ်မှ XPeng စတိုးတချို့မှာ ပြသထားပါတယ်။

Ref : arenaev