OPPO က တရုတ်မှာ K12 Plus ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 7 Gen 3 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားသလို 1TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု ColorOS 14 ပါလာပါတယ်။

Oppo K12 Plus arrives with Snapdragon 7 Gen 3, 120Hz screen, and 6,400 mAh battery

OPPO K12 Plus မှာ 6.7” 120Hz FullHD+ AMOLED Display တပ်ဆင်ထားပြီး 1,100 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ ရေစိုတဲ့ လက်နဲ့ ထိတွေ့ အသုံးပြုနိုင်ပါတယ်။ OPPO က တုန်ခါမှုကို ခံနိုင်တဲ့ Diamond Structure အကြောင်းကို အသားပေး ပြောထားပြီး ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တယ်လို့ ပြောပါတယ်။

Oppo K12 Plus arrives with Snapdragon 7 Gen 3, 120Hz screen, and 6,400 mAh battery

အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ AI Eraser ပါလာပြီး ဓါတ်ပုံထဲက မလိုလားအပ်တဲ့ အရာတွေကို ဖယ်ရှားနိုင်ပါတယ်။

အမိုက်ဆုံးက ကြီးမားတဲ့ 6,400mAh Battery ဖြစ်ပြီး 80W Wired , 10W Reverse Wired Charging ထောက်ပံ့ထားပါတယ်။ OPPO က 80W Power Adapter နဲ့ အားသွင်းရင် မိနစ် ၂၀ နဲ့ ၅၀ ရာခိုင်နှုန်း အားပြည့်တယ်လို့ ပြောပါတယ်။

OPPO K12 Plus အတွက် White နဲ့ Black အရောင်ထုတ်လုပ်ထားပါတယ်။ 8/256GB , 12/256GB နဲ့ 12/512GB ကို ၂၇၀ ၊ ၃၀၀ နဲ့ ၃၅၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref: gsmarena