realme က အိန္ဒိယမှာ P Series စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ realem P1 Speed လို့ အမည်ပေးထားပြီး 6.67” OLED FHD+ 120Hz Display တပ်ဆင်ထားပါတယ်။ Dimensity 7300 Energy Chipset မောင်းနှင်ထားပြီး 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

Realme P1 Speed debuts with Dimensity 7300 Energy and 120Hz OLED

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 15MP ကင်မရာ တပ်ဆင်ထားပါတယ်။ Display မှာ ဆဲလ်ဖီး ကင်မရာကို Punch Hole Cutout မှာ ထည့်သွင်းထားပါတယ်။

Today marks the official launch of the realme P1 Speed in India » YugaTech  | Philippines Tech News & Reviews

Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256GB Storage ထုတ်လုပ်ထားပါတယ်။ microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ နားကြပ်ပေါက်၊ စတီရီယို စပီကာနဲ့ IP65 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။

realme P1 Speed အတွက် Brushed Blue နဲ့ Textured Titanium အရောင် ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၁၅ ဒေါ်လာနဲ့ 12/256GB ကို ၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ဒီလ ၂၀ ရက်နေ့မှာ realme တရားဝင် အွန်လိုင်း စတိုးနဲ့ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena