Huawei က တရုတ်မှာ nova 13 နဲ့ nova 13 Pro ကို ကြေညာလိုက်ပါတယ်။ nova 13 မှာ 6.7” OLED 1084×2412 Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Huawei nova 13

HarmonyOS 4.2 OS မောင်းနှင်ထားပြီး 256GB/512GB/1TB Storage ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 60MP ဖြစ်ပါတယ်။

100W Fast Wired Charging ထောက်ပံ့ထားတဲ့ 5,000mAh Battery ပါလာပြီး တရုတ်မှာ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုနိုင်ပါတယ်။

Huawei nova 13 Pro

Nova 13 Pro မှာ 6.76” 1224×2776 LTPO OLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Storage Option က nova 13 နဲ့ တူပါတယ်။

အနောက်ဘက်မှာ 50MP Main , 12MP 3x Telephoto နဲ့ 8MP Ultrawide ကင်မရာ ၃ လုံး ပါပါတယ်။ ကျန်တဲ့ Specs အားလုံးက nova 13 နဲ့ တူညီပါတယ်။

အဲဒီဖုန်းတွေကို တရုတ်မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး nova 13 ကို ၃၇၈ ဒေါ်လာနဲ့ nova 13 Pro ကို ၅၁၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Huawei က အဲဒီဖုန်းတွေမှာ ပါတဲ့ Chipset ကို မပြောသေးပါဘူး။

Ref : gsmarena