realme က စွမ်းရည်မြင့် GT7 Pro ကို ကြေညာလိုက်ပြီး ကမ္ဘာ့ ပထမဆုံး Underwater Photography Mode ပါလာပါတယ်။ စွမ်းရည်မြင့် Snapdragon 8 Elite ၊ ကြီးမားတဲ့ Battery နဲ့ ဈေးကွက်ထဲမှာ အတောက်ပဆုံး Display ပါလာပါတယ်။
realme GT7 Pro မှာ 6.78” OLED Plus Display တပ်ဆင်ထားပြီး စွမ်းအင် စားသုံးမှု အနည်းဆုံး Display ဖြစ်ပါတယ်။ 6,000 Nits Peak Brightness ထောက်ပံ့ထားပြီး Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) , 50MP Telephoto , 8MP Ultrawide ကင်မရာ ထည့်သွင်းထားပါတယ်။
IP68/69 စံနှုန်း ပါလာပြီး Action ကင်မရာလို သုံးနိုင်တဲ့ Underwater Photography Mode ထည့်သွင်းထားပါတယ်။ Android 15 အခြေပြု realme I 6.0 မောင်းနှင်ထားပြီး AI Feature များစွာ ပါပါတယ်။ နောက်ထပ် မိုက်တဲ့ အစိတ်အပိုင်းက 6,500mAh Battery ဖြစ်ပြီး 120W SuperVOOC Charging ထောက်ပံ့ထားပါတယ်။
realme GT7 Pro အတွက် Mars Orange နဲ့ Galaxy Grey အရောင်ထုတ်လုပ်ထားးပြီး တရုတ်မှာပဲ ရောင်းချမယ့် White Edition လည်း ပါပါတယ်။ အဲဒီမော်ဒယ်ရဲ့ တန်ဖိုးအနည်းဆုံး 12/256GB ကို ၃,၅၉၉ ယွမ် (၅၀၅ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။
ဒီလနှောင်းပိုင်းမှာ နိုင်ငံတကာမှာ ရောင်းချနိုင်ပြီး နိုင်ငံတကာ ဈေးနှုန်းကို အဲဒီအချိန်ကျမှ သိရမှာပါ။
Ref : gsmarena