Elon Musk ရဲ့ Tesla ကုမ္ပဏီက တစ်ကမ္ဘာလုံးမှာ အရည်အချင်းရှိတဲ့ လူတွေကို ရှာဖွေနေပါတယ်။ နေအိမ် ကနေ အလုပ်လုပ်ရမှာ ဖြစ်ပြီး နှစ်စဉ် လုပ်ခလစာ ဒေါ်လာ ၂၇၀,၀၀၀ အထိ ပေးမှာ ဖြစ်ပါတယ်။ အင်ဂျင်နီယာတွေ၊ နည်းပညာ ဝါသနာ ပါသူတွေအတွက် ကမ္ဘာ့ ထိပ်တန်း နည်းပညာကုမ္ပဏီမှာ အလုပ်လုပ်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။
Tesla ခေါ်ယူနေတဲ့ ထိပ်တန်း ရာထူးနဲ့ လိုအပ်ချက်များ
Senior Engineer
- Large-scale Power Systems (Photovoltaic နဲ့ Storage Systems) မှာ အနည်းဆုံး အတွေ့အကြုံ ၅ နှစ်ရှိရမည်။
- Transformer Testing နဲ့ SCADA Protocols (eg. DNP3,, GOOSE, Modbus) တို့မှာ ကျွမ်းကျင်ရမည်။
- Windows နဲ့ Linux Operating Systems များနဲ့ ရင်းနှီးရမည် ဖြစ်ပြီး Relays နဲ့ Managed Ethernet Switches တို့လို Device တွေကို ကျွမ်းကျင်ရမည်။
- အတွေ့အကြုံပေါ်မူတည်ပြီး လစာဟာ ဒေါ်လာ ၇၉,၂၀၀ နဲ့ ၂၇၀,၀၀၀ ကြားမှာ ရမည်။
AI Tester and Trainer for Humanoids
- Tesla ရဲ့ AI လူတူစက်ရုပ်တွေကို စမ်းသပ်ပြီး တိုးတက်အောင် ပြုလုပ်ရမည်။
- လစာဟာ တစ်လ ဒေါ်လာ ၆,၀၀၀ ရှိမည်။
အလုပ်လျှောက်ဖို့ စိတ်ဝင်စားသူတွေဟာ Tesla ရဲ့ အောက်ပါ Careers Page မှာ လျှောက်ထားနိုင်ပါတယ်။
ref : tododisca