Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို ယှဉ်ပြိုင်မယ့် တရုတ် ကုမ္ပဏီ SpaceSail က ၂၀၂၆ ခုနှစ်မှာ ဘရာဇီးမှာ ဂြိုလ်တု အင်တာနက်ကို ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။

Brazil's Satellite Internet Market Gets a Boost as SpaceSail Plans 2026  Launch - PUNE.NEWS

Jason Jie Zheng ဦးဆောင်တဲ့ ရှန်ဟိုင်း အခြေစိုက် ကုမ္ပဏီက ဖိုက်ဘာ အင်တာနက် မရတဲ့ ဧရိယာတွေမှာ ဂြိုလ်တု အင်တာနက်ကို ပံ့ပိုးပေးဖို့ ဘရာဇီးရဲ့ Telecomunicacoes Brasileiras S.A နဲ့ သဘောတူညီမှု ရထားပါတယ်။ တရုတ် သမ္မတ ရှီကျင်းပင် ဘရာဇီးနိုင်ငံ  ရီယိုဒီဂျနေရိုကို G20 ဆွေးနွေးပွဲအတွက် ရောက်ရှိခဲ့ချိန်မှာ အခု ကြေညာချက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Chinese satellite company to challenge Musk's Starlink in Brazil –  Harici.com.tr

ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်း (ကမ္ဘာမြေပြင်အထက် ၃၀၀ ကနေ ၂,၀၀၀ ကီလိုမီတာ)မှာ ရှိတဲ့ ဂြိုလ်တုတွေဟာ ကမ္ဘာပတ်လမ်းကြောင်း အမြင့်မှာ ရှိတဲ့ ဂြိုလ်တုတွေထက် ပိုကောင်းပြီး ဈေးနှုန်းချိုသာတဲ့ အင်တာနက်ကို ပံ့ပိုးပေးနိုင်ပါတယ်။ ဘရာဇီး တရားရုံးက Elon Musk ရဲ့ X လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ ဒဏ်ငွေကို မပေးတဲ့အတွက် Starlink ရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပင်ပြီးနောက်မှာ အခု အစီအစဉ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂြိုလ်တု အင်တာနက် နည်းပညာမှာ Elon Musk ရဲ့ Starlink က ထိပ်ဆုံးက ဦဆောင်ခဲ့ပေမယ့် အခုတော့ ပြိုင်ဖက်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Starlink နဲ့ SpaceSail တို့ရဲ့ ပြိုင်ပွဲဟာ စိတ်ဝင်စားစရာကောင်းလာပါပြီ။

Ref : Technology Innovation