Redmi က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ Redmi K80 နဲ့ K80 Pro ကို ကြေညာခဲ့ပြီး Snapdragon 8 Gen 3 နဲ့ Snapdragon 8 Elite Chip တွေ အသီးသီး ထည့်သွင်းထားပါတယ်။ အဲဒီဖုန်းတွေကို တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ အခုတော့ Xiaomi က Redmi K80/Pro ဟာ K Series ရောင်းအား စံချိန်ကို ပထမဆုံး အကြိမ် ချိုးနိုင်ပြီဖြစ်ပြီး တစ်ရက်ထဲမှာ အလုံးရေ ၆၆၀,၀၀၀ ကျော် ရောင်းချနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။

Redmi K80 အတွက် 12/256GB ကို CNY 2,500 ($345/€330/₹29,000), 16/256GB ကို CNY 2,700, 12/512GB ကို CNY 2,900 , 16/512GB ကို  CNY 3,200 နဲ့ 16GB/1TB ကို  CNY 3,600 သတ်မှတ်ထားပါတယ်။

Redmi K80 Pro ရဲ့ ဈေးနှုန်းတွေက 12/256GB ကို CNY 3,700, 12/512GB ကို CNY 4,000,  16/512GB  ကို CNY 4,300 နဲ့ 16GB/1TB ကို CNY 4,800 သတ်မှတ်ထားပါတယ်။

အထူးထုတ် Automobili Lamborghini Squadra Corse မှာ 16GB/1TB ထည့်ထားပြီး CNY 5,000 ($690) နဲ့ ရောင်းမှာပါ။

K Series ဟာ Redmi ရဲ့ စွမ်းရည် အမြင့်ဆုံး စမတ်ဖုန်းတွေ ဖြစ်ပြီး အကောင်းဆုံး အမိုက်ဆုံး Chipset နဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားလေ့ ရှိပါတယ်။ Redmi K80 Series ဟာလည်း အလားတူပဲ ဖြစ်ပြီး စွမ်းရည်မြင့် စမတ်ဖုန်းကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးထားပါတယ်။

Ref : Gizmochina