Honor က 300 Series ကို ကြေညာလိုက်ပြီး 300 နဲ့ 300 Pro ပါလာပါတယ်။ ဒီဖုန်းတွေမှာ Portrait ကင်မရာကို အသားပေးထားပါတယ်။
Honor 300 Pro မှာ 6.78” 2700x1224p 120Hz OLED Display ကို သုံးထားပြီး 4000 Nits Peak Brightness ပါပါတယ်။ စွမ်းရည်မြင့်တဲ့ 50MP f/2.1 ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 50MP 3x Telephoto နဲ့ 12MP Ultrawide ကင်မရာ ၃ လုံး ပါပါတယ်။
Honor 300 မှာ စွမ်းရည်မြင့် Snapdragon 8 Gen 3 Chipset ထည့်ထားပြီး 12/16GB RAM နဲ့ 256/512GB Storage ပါပါတယ်။ Android 15 အခြေပြု MagicOS 9.0 ထည့်ထားပြီး ဓါတ်ပုံထဲက အရာဝတ္ထုတွေကို ဖယ်ရှားတာ၊ သင့် ရုပ်ပုံကို ကာတွန်းလုပ်တာ၊ စာသားရိုက်ထည့်ပြီး ဓါတ်ပုံ ပြင်တာလို AI လုပ်ဆောင်ချက်တွေ ပါပါတယ်။ 100W Wired နဲ့ 80W Wireless Charging ထောက်ပံ့တဲ့ 5,300mAh Battery ထည့်ထားပါတယ်။
Honor 300 မှာ Snapdragon 7 Gen 3 Chip ပါလာပြီး 8/12/16GB RAM နဲ့ 256/512GB Storage ထည့်ထားပါတယ်။ 50MP Main နဲ့ ဆဲလ်ဖီး ကင်မရာ ပါလာပေမယ့် Zoom Shooter မပါပါဘူး။ 12MP Ultrawide ကိုတော့ သုံးထားပါတယ်။ 100W Wired Charging ပါတဲ့ 5,300mAh Battery ထည့်ထားပါတယ်။
Honor 300 ရဲ့ ဈေးနှုန်းက ၂,၄၉၉ ယွမ် (၃၂၆ ယူရို) ကစပြီး Purple, Black, Blue , Ash နဲ့ White အရောင်တွေ ထုတ်ထားပါတယ်။ 8/256GB, 12/256GB, 12/512GB နဲ့ 16/512GB ရွေးချယ်နိုင်ပါတယ်။
Honor 300 Pro အတွက် Black, Blue နဲ့ Sand အရောင်နဲ့ 12/256GB, 12/512GB, 16/512GB ထုတ်ထားပြီး ဈေးနှုန်းက ၃,၉၉၉ ယွမ် (၅၂၀ ယူရို)က စပါတယ်။
Ref: gsmarena