Apple ကို မြောက်ကယ်လီဖိုးနီးယားမှ တရားရုံးမှာ နစ်နာကြေး ဒေါ်လာ ၁.၂ ဘီလီယမ် ရလိုမှုနဲ့ တရားစွဲထားပါတယ်။ Apple ဟာ Child Sexual Abuse Material (CSAM) အတွက် ကာကွယ်တဲ့ Feature ကို ရပ်နားလိုက်တဲ့အတွက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးတွေကို မကာကွယ်ပေးနိုင်ခဲ့ဘူးလို့ တရားစွဲထားပါတယ်။
ဒီအမှုကို ဒီဇင်ဘာလ ၇ ရက်နေ့က ဖွင့်ခဲ့တာ ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက သူမ ကလေးဘဝက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ဓါတ်ပုံတွေကို iCloud မှာ ပျံ့နှံ့နေတယ်လို့ ပြောပါတယ်။ ဒါကို Apple က မတားဆီးနိုင်ဘူးလို့ ပြောပါတယ်။
အဲဒီအမျိုးသမီးက သူမကို စော်ကားသူဟာ အဲဒီ ဓါတ်ပုံတွေကို iCloud မှာ သိမ်းထားတာလို့ ပြောပါတယ်။ အဲဒီ ဓါတ်ပုံတွေကို ပိုင်ဆိုင်ထားသူတွေကို အရေးယူထားတဲ့အကြောင်း ရဲတွေက သူမနဲ့ သူမ မိခင်ထံ မကြာခဏ သတိပေးတယ်လို့ သူမက ပြောပါတယ်။ “ဒီလောက်ကြီး ပျံ့နှံ့နေတာဟာ တော်တော် ယုံဖို့ခက်ခဲပါတယ်။ “ လို့ ပြောပါတယ်။
ဒီအမှုမှာ နစ်နာသူ ၂,၆၈၀ အတွက် တရားစွဲထားတာ ဖြစ်ပါတယ်။ အမေရိကန် ဥပဒေ အရ နစ်နာသူတွေကို အနည်းဆုံး ဒေါ်လာ ၁၅၀,၀၀၀ ပေးရပါတယ်။ အဲဒီအတွက် Apple ဟာ အပြစ်ရှိကြောင်း ထင်ရှားရင် နစ်နာကြေး ဒေါ်လာ ၁.၂ ဘီလီယမ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
Ref: indiatoday