ဒူဘိုင်း အခြေစိုက် Caviar က ကမ္ဘာ့ တန်ဖိုးအကြီးဆုံး iPhone 16 Pro Max ကို ကြေညာလိုက်ပါတယ်။ iPhone 16 Pro Max “ The Great, The Terrible, The Magnificent “ လို့ နာမည်ပေးထားပြီး ၁၈ ကာရက်ရွှေ၊ တန်ဖိုးကြီး ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ထားတဲ့ သရဖူ တစ်ခု ထည့်သွင်းထားပါတယ်။

Caviar launches the most expensive iPhone 16 Pro Max

အဲဒီဖုန်းရဲ့ သရဖူဟာ သမိုင်းမှာ အထင်ကရ ဘုရင်တွေ ဖြစ်တဲ့ Ivan the Terrible, Suleiman the Magnificent နဲ့ Charlemagne တို့ရဲ့ သရဖူတွေကို အခြေပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ သုံးဖက်မြင် ရုပ်လုံးကြွ ပုံသဏ္ဍာန် တည်ဆောက်ထားပြီး ၁ ကီလိုဂရမ်ကျော် အလေးချိန်ရှိကာ 750-grade Gold နဲ့ တည်ဆောက်ထားပါတယ်။

Caviar launches the most expensive iPhone 16 Pro Max

သရဖူအပြင် ဖုန်းကိုယ်ထည်မှာ စိန်၊ ပတ္တမြား အလုံးပေါင်း ၄၀၂ လုံး တပ်ဆင်ထားပါတယ်။ အဲဒီတန်ဖိုးကြီး ကျောက်သံပတ္တမြားတွေရဲ့ အောက်မှာ သားရေ အစစ်ကို ဖုံးအုပ်ထားပါတယ်။

အဲဒီ ဖုန်းဟာ Caviar ရဲ့ “Corona” Collection ထဲမှာ ပါဝင်ပါတယ်။ iPhone 16 Pro Max “The Great, The Terrible, The Magnificent” ကို တစ်ကမ္ဘာလုံးမှာ ၃ လုံးပဲ ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၀၁,၀၇၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၁ သောင်းကျော် တန်ပါတယ်။

Ref : Gizmochina