Redmi ဟာ တရုတ်မှာ Turbo 4 နဲ့ Turbo 4 Pro ကို ကြေညာဖို့ပြင်ဆင်နေပါတယ်။ Turbo 3 ကို နိုင်ငံတကာမှာ Poco F6 အမည်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ နောက်ထွက်မယ့် Turbo 4 ကို နိုင်ငံတကာမှာ Poco X7 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Poco X7 Pro

နောက်နှစ် Redmi Turbo 4 နဲ့ Turbo 4 Pro ကို ကြေညာနိုင်ပြီး နိုင်ငံတကာမှာ Poco X7 Pro နဲ့ Poco F7 အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Alleged Redmi Turbo 4 appears on 3C certification site, reveals fast  charging

Redmi Turbo 4 (Poco X7 Pro) ရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ 6.67” LTPS OLED Display ပါလာနိုင်ပြီး ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 1.5K Resolution ပါလာပြီး 120Hz Refresh Rate ထည့်ထားမှာ ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ aကိရိယာ မြှပ်နှံထားမှာ ဖြစ်ပြီး Android 15 အခြေပြု HyperOS 2.0 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

MediaTek က တရုတ်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ Dimensity 8400 Chip ကို ကြေညာမှာ ဖြစ်ပြီး Turbo 4 မှာ အဲဒီ Chip သုံးထားနိုင်ပါတယ်။ 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 6,550mAh Battery , 90W Fast Charging ပါလာနိုင်ပြီး တရုတ်မှာ နောက်နှစ် ဇန်နဝါရီလမှာ ကြေညာနိုင်ပါတယ်။

Redmi Turbo 4 Pro ဟာ Snapdragon 8s Elite Chip ပါတဲ့ ပထမဆုံး ဖုန်းတွေထဲက တစ်လုံး ဖြစ်လာနိုင်ပါတယ်။

Ref : gizmochina