OPPO A5 Pro ကို ကြေညာလိုက်ပြီး 6.7” 120Hz FullHD+ AMOLED Display သုံးထားပါတယ်။ 1,200 Nits Peak Brightness နဲ့ Gorilla Glass Victus 2 Protection ပါပါတယ်။

Oppo A5 Pro 5G With MediaTek Dimensity 7300 SoC, 6,000mAh Battery Launched:  Price, Features | Technology News

Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Monochrome ကင်မရာ သုံးထားပါတယ်။

Oppo A5 Pro announced with Dimensity 7300 SoC, IP69 rating, and 6,000 mAh  battery - GSMArena.com news

OPPO A5 Pro မှာ Dimensity 7300 Chip ထည့်ထားပြီး 12GB RAM နဲ့  512GB Storage အထိ ပါပါတယ်။ Android 15 အခြေပြု ColorOS 15 သုံးထားပါတယ်။ IP66/68/69 Rating နဲ့ Military Grade GJB150A 2009 Certification ပါလာပြီး 360-degree Drop Resistance ထောက်ပံ့ထားပါတယ်။

ကြီးမားတဲ့ 6,000mAh Battery နဲ့ 80W Charging က တော်တော်မိုက်ပါတယ်။ ရေစိုတဲ့လက်၊ လက်အိတ်နဲ့ အသုံးပြုနိုင်ပါတယ်။

8GB/256GB, 8GB/512GB, 12GB/256GB နဲ့ 12GB/512GB ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ဒီလ ၂၇ ရက်နေ့ OPPO Chinese Website ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena