BYD က ကားအစီး ၉,၂၀၀ ကို တင်ဆောင်နိုင်တဲ့ ကမ္ဘာ့ အကြီးဆုံး ကားတင်တဲ့ သင်္ဘော BYD Shenzen ကို တည်ဆောက်လိုက်ပါတယ်။ ဒါဟာ BYD ရဲ့ စတုတ္ထမြောက် ကားတင်တဲ့ သင်္ဘော ဖြစ်ပြီး ကမ္ဘာအနှံ့မှာ သူ့ရဲ့ ကားတွေကို တိုးချဲ့ ရောင်းချဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

BYD Launches Second Ro-Ro Ship For NEV Exports | Carz Automedia Malaysia

၂၀၂၄ ခုနှစ်မှာ BYD ဟာ EV ကား ၄.၂၅ သန်းကို စံချိန်တင်ရောင်းချနိုင်ခဲ့ပြီး Ford နဲ့ Honda တို့လို ပြိုင်ဖက်တွေကို ကျော်တက်နိုင်ခဲ့ပါတယ်။ BYD ဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပမှာ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ပိုမို တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

BYD Unveils World's Largest Car Carrier, Expanding Global EV

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ BYD Shenzen သင်္ဘောမှာ BYD ရဲ့ ဘက်ထရီတွေ တပ်ဆင်ထားပြီး အဆင့်မြင့် Generator တွေ ထည့်သွင်းထားပါတယ်။ ဒါဟာ BYD ရဲ့ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားနေတဲ့ ရည်မှန်းချက်ကို ပြသနေတာ ဖြစ်ပါတယ်။

Ref : Tech Explorers