ကိုယ့်မျက်နှာကို AI ဇာတ်လမ်းတွေ၊ ကြော်ငြာတွေနဲ့ ဂိမ်းတွေမှာ အသုံးပြုခွင့်ပေးပြီး အလွယ်တကူ ဝင်ငွေရှာနိုင်တဲ့ ခေတ်ကို ရောက်လာပါပြီ။ တရုတ်နိုင်ငံမှာဆိုရင် သာမန်ပြည်သူတွေနဲ့ AI ကွန်တင့်ဖန်တီးရှင်တွေကို ချိတ်ဆက်ပေးတဲ့ ပလက်ဖောင်းတွေ တော်တော်လေး ခေတ်စားလာနေပါတယ်။

အရင်က ရုပ်ရှင်လောကလို သီးသန့်အသိုင်းအဝိုင်းမှာပဲ လုပ်ကြပေမယ့် အခုတော့ အများပြည်သူသုံး ပလက်ဖောင်းတွေကတစ်ဆင့် လူတိုင်းလိုလို ကိုယ့်ရဲ့ ပုံရိပ်ကို အလွယ်တကူ ရောင်းချလာနိုင်ကြပါတယ်။

People in China earn between US$7 and US$15,000 by licensing faces to AI content producers | South China Morning Post

ဒီလို မျက်နှာငှားရမ်းခအဖြစ် အသုံးပြုခွင့်ပေါ်မူတည်ပြီး တရုတ်ယွမ် ၅၀ (၇ ဒေါ်လာ) ကနေ ယွမ် ၉၉,၉၉၉ (ဒေါ်လာ ၁၅,၀၀၀) အထိ ဈေးကောင်းရနိုင်ပါတယ်။

ဥပမာပြရရင် ဘဏ်ဝန်ထမ်းတစ်ယောက်ဆိုရင် ၃ ရက်အတွင်းမှာပဲ သူ့မျက်နှာကို ကြော်ငြာကုမ္ပဏီတစ်ခုက ၇ ကြိမ်တိတိ ဝယ်ယူခဲ့လို့ ယွမ် ၂,၅၀၀ နီးပါး (ဒေါ်လာ ၃၇၀) အထိ ဝင်ငွေရခဲ့ပါတယ်။

မေလကမှ စတင်ခဲ့တဲ့ Yuanxiang Xinsheng လို နာမည်ကြီး ပလက်ဖောင်းမှာဆိုရင် အကောင့်ဖွင့်ပြီးတာနဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်သရုပ်ဆောင် ပရိုဖိုင်တွေကို အလွယ်တကူ ဖန်တီးနိုင်နေပါပြီ။

AI: 10 days that changed the course of artificial intelligence | South China Morning Post

စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကိုယ့်မျက်နှာကို ဘယ်နေရာမှာ သုံးမလဲဆိုတဲ့ စည်းကမ်းချက်တွေကို ကိုယ်တိုင်သတ်မှတ်ခွင့်ရတာပါပဲ။

အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးဆိုရင် သူ့မျက်နှာကို အချစ်နဲ့ မိသားစုဇာတ်လမ်းတွေမှာပဲ သုံးခွင့်ပေးထားပြီး သရဲတစ္ဆေနဲ့ လိင်ပိုင်းဆိုင်ရာ ကွန်တင့်တွေအတွက်ဆိုရင်တော့ လုံးဝ ပိတ်ပင်ထားပါတယ်။

တချို့ကတော့ အင်တာနက်ပေါ်မှာ သူတို့ရဲ့ မျက်နှာကို ခိုးယူသုံးစွဲခံရမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် “အလကားခိုးမသုံးနဲ့၊ သုံးချင်ရင် ပိုက်ဆံပေး” ဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီပလက်ဖောင်းတွေကို အသုံးချလာကြပါတယ်။

Ref: South China Morning Post