အသစ်ထွက်ရှိလာမယ့် iPhone Duo ကို မျှော်လင့်စောင့်စားနေသူတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နာမည်ကြီး လေ့လာဆန်းစစ်သူ Jeff Pu ရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် ကုန်အထိ ဈေးကွက်ထဲမှာ အဲဒီ iPhone Duo ကို မျှော်မှန်းထားသလောက် အလွယ်တကူ ဝယ်ယူရရှိနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အရင်က အလုံးရေ ၇ သန်းလောက် ထုတ်လုပ်မယ်လို့ မှန်းထားပေမယ့် အခုအခါမှာတော့ ၆ သန်းလောက်ပဲ ထုတ်လုပ်နိုင်တော့မယ်လို့ သူက ဆိုပါတယ်။ အဲဒီလို အရေအတွက် လျော့ကျသွားတာဟာ ဝယ်လိုအား နည်းပါးသွားတာကြောင့် လုံးဝမဟုတ်ဘဲ ခေါက်ဖုန်းတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ပတ္တာယန္တရား (hinge) ထုတ်လုပ်မှုအပိုင်းမှာ အခက်အခဲတချို့ ရှိနေတာကြောင့်လို့ သိရပါတယ်။

နှိုင်းယှဉ်ပြရမယ်ဆိုရင် Apple ဟာ ဒီနှစ်ထဲမှာ iPhone 18 Pro နဲ့ Pro Max ကို အလုံးရေ စုစုပေါင်း ၇၂ သန်းအထိ ရောင်းချရဖို့ မှန်းထားတာပါ။ ဒါကြောင့် ဒီနှစ်အတွက် ထုတ်လုပ်မှု အရမ်းနည်းပါးနေမယ့် အဲဒီ iPhone Duo ကို တကယ်ပဲ လက်ဝယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အောက်တိုဘာလ ၁၆ ရက်နေ့ ကြိုတင်မှာယူမှုတွေ စတင်တာနဲ့တပြိုင်နက် အလုအယက် ဝယ်ယူနိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။
Ref : gsmarena