Samsung က Galaxy Unpacked Event မှာ Galaxy S25 Edge ကို Tease လုပ်လိုက်ပါတယ်။ အရင်ကတော့ အဲဒီဖုန်းကို Galaxy S25 Slim လို့ အမည်ပေးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Galaxy S25 Edge

Edge ကို ဒီနှစ် ပထမနှစ်ဝက်မှာ ရောင်းချနိုင်ပြီး လွန်ခဲ့တဲ့နှစ်များစွာအကြာက Samsung ရောင်းချခဲ့တဲ့ Curved Display ပါတဲ့ ဖုန်း အမည်ကို ပြန်လည် အသုံးပြုထားတာပါ။ ဒါပေမယ့် Edge ဟာ ဒီဇိုင်းကို အသားပေးထားတာ မဟုတ်ဘဲ အလွန်ပါးလွှာတာကို အသားပေးထားပါတယ်။

Samsung confirms ultra-slim Galaxy S25 Edge: Here's when it'll launch

Galaxy S25 Edge ဟာ Samsung ရဲ့ ပြောကြားချက်အရ Standard Galaxy S25 Series ရဲ့ အလွန်ပါးလွှာတဲ့ မော်ဒယ် ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရ အထူက ၆.၄ မီလီမီတာပဲ ရှိမှာ ဖြစ်ပြီး အနောက်ကင်မရာ ၂ လုံးပဲ ပါလာမှာပါ။

Samsung Galaxy S25 Edge ဟာ Apple ရဲ့ နောက်ထွက်မယ့် iPhone 17 Air ကို တိုက်ရိုက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Edge ဟာ ပါးလွှာမှုနဲ့ စွမ်းရည်ကို ဟန်ချက်ညီအောင် ပြုလုပ်ထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည် မနည်းဘဲ လှပတဲ့ ဒီဇိုင်းကို နှစ်သက်သူတွေအတွက် ရည်ရွယ်ထားပါတယ်။

Edge ကို ဒေါ်လာ ၁,၂၉၉ တန် S25 Ultra ထက် နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ပါတယ်။

Ref : Gizmochina