Apple က iOS 18.3 Update ကို ဖြန့်ချိပေးလိုက်ပြီး Starlink ရဲ့ ဂြိုလ်တုအင်တာနက်ကို အသုံးပြုနိုင်တဲ့ စွမ်းရည် ပါလာပါတယ်။ အမေရိကန်က T-Mobile User တွေဟာ အဲဒီ စွမ်းရည်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

iOS 18.3 quietly adds Starlink satellite connectivity support for T-Mobile users

အဲဒီ ဝန်ဆောင်မှုကို ပြီးခဲ့တဲ့လက Beta အနေနဲ့ အသုံးပြုခွင့်ရခဲ့ပြီး ဆယ်လူလာလိုင်း မရတဲ့ ဧရိယာတွေမှာ စာသား Message တွေ ပေးပို့နိုင်ပါတယ်။ အခုတော့ iPhone 14 နဲ့ နောက်ပိုင်းထုတ် ဖုန်းတွေမှာ T-Mobile ရဲ့ ကွန်ရက်ကို အသုံးပြုကာ Emergency Service တွေကို ဆက်သွယ်နိုင်ပါတယ်။ Message ပေးပို့တာနဲ့ တည်နေရာကို မျှဝေတာတွေ ပြုလုပ်နိုင်ပါတယ်။

Bloomberg က နောက်ဆုံးထုတ် iPhone Software မှာ ဂြိုလ်တု အင်တာနက်ကို ထောက်ပံ့နိုင်ဖို့ Apple, SpaceX နဲ့ T-Mobile တို့ဟာ လျှို့ဝှက်စွာ အလုပ်လုပ်နေခဲ့ကြတာလို့ ပြောပါတယ်။

T-Mobile က အစပိုင်းမှာ ဂြိုလ်တု အင်တာနက်ကို အသုံးပြုနိုင်တဲ့ Android စမတ်ဖုန်း အနည်းငယ်ကိုပဲ ကြေညာထားပေမယ့် အခုတော့ iOS 18.3 Software Update ရတဲ့ iPhone တွေကိုပါ ထည့်သွင်းပေးလိုက်ပါတယ်။

Ref: gsmarena