နာမည်ကြီးနေတဲ့ DeepSeek က Janus-Pro-7B အမည်ရ AI Image Generator ကို ဖြန့်ချိလိုက်ပြီး နာမည်ကြီး ပြိုင်ဖက်တွေထက် ပိုစွမ်းရည်မြင့်တယ်လို့ ကြွေးကြော်ထားပါတယ်။ ကုမ္ပဏီက အဲဒီ AI Model ဟာ OpenAI ရဲ့ DALL-E3 ထက် ပိုကောင်းတယ်လို့ ပြောပါတယ်။ AI နယ်ပယ်မှာ အချိန်ခဏလေးနဲ့ နာမည်ကြီးလာတဲ့ DeepSeek ရဲ့ နောက်ထပ် ခြေလှမ်း ဖြစ်ပါတယ်။
Janus-Pro-7B ဟာ DeepSeek ရဲ့ အရင်နှစ်ကထွက်ရှိထားတဲ့ Janus မော်ဒယ် ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ မော်ဒယ်အသစ်မှာ စွမ်းဆောင်ရည်ပိုကောင်းလာပြီး ပိုမို တည်ငြိမ်လာပါတယ်။ ဓါတ်ပုံ အရည်အသွေးဟာလည်း ပိုကောင်းလာပါတယ်။
Janus-Pro-7B ထွက်ရှိလာတာဟာ DeepSeek ရဲ့ နောက်ထပ် အောင်မြင်မှု ဖြစ်ပါတယ်။ မကြာခင်ကပဲ DeepSeek V3 AI မော်ဒယ်ဟာ အမေရိကန်မှ Apple App Store မှာ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီ AI ကြောင့် စတော့ဈေးကွက်အပေါ် ကြီးမားတဲ့ ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ Nvidia နဲ့ Oracle ကုမ္ပဏီတွေဟာ ဈေးကွက်တန်ဖိုးများစွာ ကျဆင်းခဲ့ပါတယ်။
Janus-Pro-7B ဟာ တခြား AI မော်ဒယ်တွေ မဖန်တီးနိုင်တဲ့ ဓါတ်ပုံတွေကိုတောင် ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။
Ref : msn